မႏၲေလးတိုင္းတြင္ ႏွင္းဆီပါတီမွ ကိုယ္စား လွယ္ေလာင္း ၉၃ ဦးအား အမည္စာရင္းပယ္ဖ်က္မည္

0
18

မန္တလေးတိုင်းတွင် နှင်းဆီပါတီမှ ကိုယ်စား လှယ်လောင်း ၉၃ ဦးအား အမည်စာရင်းပယ်ဖျက်မည်

မန္တလေးတိုင်းဒေသကြီးတွင် ညီညွှတ်သောဒီမိုကရကတစ်ပါတီ (နှင်းဆီပါတီ) မှ လွှတ်တော်သုံးရပ်ရှိ ကိုယ်စားလှယ်လောင်း ၉၃ ဦးကို အမည်စာရင်းပယ်ဖျက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သိရသည် ။

ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၄) နှင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၅၊ နည်းဥပဒေခွဲ (ခ)၊ (ခ)၊ (ဂ) တို့ပါ ပြဌာန်းချက်များနှင့် ငြိစွန်းကြောင်း စိစစ်တွေ့ရှိသဖြင့် အောက်တိုဘာလ ၁၇ ရက်တွင် နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းပြီး ပါတီဝင်လွှတ်တော်ကိုယ်စားလှယ်လောင်းများသည်လည်း ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ဆုံးရှုံးသွားပါသည်ဟု ကော်မရှင်က ကြေညာချက်ထုတ်ပြန်ထားသည် ။

” သူ့ဟာသူ Facebook မှသာတက်တာ ကျွန်တော်တို့ဆီတော့ ဘာမှညွှန်ကြားချက်မရောက်သေးဘူး ။ လာခဲ့ရင်တော့ ခရိုင်ကော်မရှင်တွေက သူတို့ လျှောက်ထားတဲ့ မဲဆန္ဒနယ်တွေမှာ အမည်စာရင်းကပယ်ဖျက်မှာပေါ့ ” ဟု မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဌ ဦးရှိန်ဝင်းကပြောသည် ။

နှင်းဆီပါတီသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲဆန္ဒနယ်ပေါင်း ၁၁၃၁ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်းအရေအတွက်အားဖြင့် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်ပြီးလျှင် ဒုတိယအကြီးမားဆုံးပါတီဖြစ်သည်။

နှင်းဆီပါတီကို ပါတီဥက္ကဋ္ဌ ဦးကျော်မြင့် တရုတ်နိုင်ငံမှတဆင့် ကျပ်ငွေ ၁၆ ဒသမ၃၁၅ ဘီလျံ ကို တရားမဝင်လွှဲပြောင်းရယူခဲ့ကြောင်း၊ ခွင့်ပြုချက်လိုင်စင်မရှိဘဲ ချေးငွေလုပ်ကိုင်ခြင်း၊ အိမ်ခြံမြေပိုင်ဆိုင်မှုများတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ မဟုတ်ဘဲ ရယူထားခြင်းများတွေ့ရှိထားသည်ဟု နိုင်ငံတော်သမ္မတရုံးက အောက်တိုဘာ ၁၅ ရက်တွင် သမ္မတရုံး၏ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောသည် ။

နှင်းဆီပါတီဥက္ကဌ ဦးကျော်မြင့်သည် ၁၉၉၈ ခုနှစ်ဇန်နဝါရီလက အရေးပေါ် စီမံအက်ဥပဒေဖြင့် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၈၉ အရ အင်းစိန်ထောင်တွင် ထောင်ဒဏ် ၉ နှစ်ကျခံရသဖြင့် မေလ တွင် အိုးဘိုထောင်သို့ ပြောင်းရွှေ့ခဲ့ပြီး ၁၉၉၉ ခုနှစ် ဇန်နဝါရီလ က ပြင်ပတွင်ဆေးကုသခွင့်ရရှိချိန်တွင် ထွက်ပြေးခဲ့သည် ။

ထို့ကြောင့် ၎င်းကို ထောင်ပြေးမှု ပုဒ်မ ၂၂၄ အရ ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၂၉ ရက် ည က ၎င်း နေထိုင်ရာ ရန်ကုန်မြို့ ပန်းလှိုင်အိမ်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးခဲ့သည် ။

လက်ရှိတွင် ဦးကျော်မြင့်ကို ထောင်ပြေးမှုဖြင့် ရာဇသတ်ကြီး ပုဒ်မ ၂၂၄ ဖြင့် မန္တလေးတိုင်းဒေသကြီးချမ်းအေးသာဇံမြို့နယ်တွင် တရားစွဲဆိုထားကာ အောက်တိုဘာလ ၂၀ ရက်တွင် ရုံးထုတ်စစ်ဆေးသွားမည် ဖြစ်သည်။

နေသူရိန်လင်း
#TheFifthWaveNews

 

(zawgyi)

 

မႏၲေလးတိုင္းတြင္ ႏွင္းဆီပါတီမွ ကိုယ္စား လွယ္ေလာင္း ၉၃ ဦးအား အမည္စာရင္းပယ္ဖ်က္မည္

မႏၲေလးတိုင္းေဒသႀကီးတြင္ ညီၫႊတ္ေသာဒီမိုကရကတစ္ပါတီ (ႏွင္းဆီပါတီ) မွ လႊတ္ေတာ္သုံးရပ္ရွိ ကိုယ္စားလွယ္ေလာင္း ၉၃ ဦးကို အမည္စာရင္းပယ္ဖ်က္သြားမည္ျဖစ္ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ေ႐ြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ခြဲမွ သိရသည္ ။

ညီၫြတ္ေသာ ဒီမိုကရက္တစ္ပါတီ (UDP) သည္ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒ ပုဒ္မ ၁၂၊ ပုဒ္မခြဲ (က)၊ ပုဒ္မခြဲငယ္ (၄) ႏွင့္ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းနည္းဥပေဒမ်ား၊ နည္းဥပေဒ ၁၅၊ နည္းဥပေဒခြဲ (ခ)၊ (ခ)၊ (ဂ) တို႔ပါ ျပဌာန္းခ်က္မ်ားႏွင့္ ၿငိစြန္းေၾကာင္း စိစစ္ေတြ႕ရွိသျဖင့္ ေအာက္တိုဘာလ ၁၇ ရက္တြင္ ႏိုင္ငံေရးပါတီအျဖစ္မွ ဖ်က္သိမ္းၿပီး ပါတီဝင္လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားသည္လည္း ေ႐ြးေကာက္တင္ေျမႇာက္ခံပိုင္ခြင့္ ဆုံးရႈံးသြားပါသည္ဟု ေကာ္မရွင္က ေၾကညာခ်က္ထုတ္ျပန္ထားသည္ ။

” သူ႔ဟာသူ Facebook မွသာတက္တာ ကြၽန္ေတာ္တို႔ဆီေတာ့ ဘာမွၫႊန္ၾကားခ်က္မေရာက္ေသးဘူး ။ လာခဲ့ရင္ေတာ့ ခ႐ိုင္ေကာ္မရွင္ေတြက သူတို႔ ေလွ်ာက္ထားတဲ့ မဲဆႏၵနယ္ေတြမွာ အမည္စာရင္းကပယ္ဖ်က္မွာေပါ့ ” ဟု မႏၲေလးတိုင္းေဒသႀကီး ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲမွ ဥကၠဌ ဦးရွိန္ဝင္းကေျပာသည္ ။

ႏွင္းဆီပါတီသည္ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ မဲဆႏၵနယ္ေပါင္း ၁၁၃၁ ေနရာတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ၿပီး ကိုယ္စားလွယ္ေလာင္းအေရအတြက္အားျဖင့္ အာဏာရ အမ်ိဳးသားဒီမိုကေရစီအဖြဲ.ခ်ဳပ္ၿပီးလွ်င္ ဒုတိယအႀကီးမားဆုံးပါတီျဖစ္သည္။

ႏွင္းဆီပါတီကို ပါတီဥကၠ႒ ဦးေက်ာ္ျမင့္ တ႐ုတ္ႏိုင္ငံမွတဆင့္ က်ပ္ေငြ ၁၆ ဒသမ၃၁၅ ဘီလ်ံ ကို တရားမဝင္လႊဲေျပာင္းရယူခဲ့ေၾကာင္း၊ ခြင့္ျပဳခ်က္လိုင္စင္မရွိဘဲ ေခ်းေငြလုပ္ကိုင္ျခင္း၊ အိမ္ၿခံေျမပိုင္ဆိုင္မႈမ်ားတြင္ လုပ္ထုံးလုပ္နည္းႏွင့္အညီ မဟုတ္ဘဲ ရယူထားျခင္းမ်ားေတြ႕ရွိထားသည္ဟု ႏိုင္ငံေတာ္သမၼတ႐ုံးက ေအာက္တိုဘာ ၁၅ ရက္တြင္ သမၼတ႐ုံး၏ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးကေျပာသည္ ။

ႏွင္းဆီပါတီဥကၠဌ ဦးေက်ာ္ျမင့္သည္ ၁၉၉၈ ခုႏွစ္ဇန္နဝါရီလက အေရးေပၚ စီမံအက္ဥပေဒျဖင့္ ျပစ္မႈဆိုင္ရာဥပေဒ ပုဒ္မ ၁၈၉ အရ အင္းစိန္ေထာင္တြင္ ေထာင္ဒဏ္ ၉ ႏွစ္က်ခံရသျဖင့္ ေမလ တြင္ အိုးဘိုေထာင္သို႔ ေျပာင္းေ႐ႊ႕ခဲ့ၿပီး ၁၉၉၉ ခုႏွစ္ ဇန္နဝါရီလ က ျပင္ပတြင္ေဆးကုသခြင့္ရရွိခ်ိန္တြင္ ထြက္ေျပးခဲ့သည္ ။

ထို႔ေၾကာင့္ ၎ကို ေထာင္ေျပးမႈ ပုဒ္မ ၂၂၄ အရ ၂၀၂၀ ခုႏွစ္ စက္တင္ဘာလ ၂၉ ရက္ ည က ၎ ေနထိုင္ရာ ရန္ကုန္ၿမိဳ႕ ပန္းလႈိင္အိမ္ရာတြင္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ၀င္ေရာက္ဖမ္းဆီးခဲ့သည္ ။

လက္ရွိတြင္ ဦးေက်ာ္ျမင့္ကို ေထာင္ေျပးမႈျဖင့္ ရာဇသတ္ႀကီး ပုဒ္မ ၂၂၄ ျဖင့္ မႏၲေလးတိုင္းေဒသႀကီးခ်မ္းေအးသာဇံၿမိဳ႕နယ္တြင္ တရားစြဲဆိုထားကာ ေအာက္တိုဘာလ ၂၀ ရက္တြင္ ႐ုံးထုတ္စစ္ေဆးသြားမည္ ျဖစ္သည္။

ေနသူရိန္လင္း
#TheFifthWaveNews

Leave a Reply