မိုးကုတ္ၿမိဳ႕တြင္ ေက်ာက္တူးေဖာ္သူ ႏွစ္ဦး ပိတ္မိေနကာ ၊ တစ္ဦး ေျမပိေသဆုံး

0
25

မိုးကုတ်မြို့တွင် ကျောက်တူးဖော်သူ နှစ်ဦး ပိတ်မိနေကာ ၊ တစ်ဦး မြေပိသေဆုံး

မိုးကုတ်မြို့တွင် ကျောက်တူးဖော်သူ နှစ်ဦး ပိတ်မိနေကာ တစ်ဦးမြေပိသေဆုံးသွားကြောင်း မိုးကုတ်လူမှုကယ်ဆယ်ရေးအသင်းထံကသိရသည် ။

အောက်တိုဘာလ ၁၇ ရက်နေ့ နေ့လယ် ၁ နာရီခွဲ အချိန်တွင် မိုးကုတ် သဒွတ်သျှိကျေးရွာအုပ်စု ကျောက်ဆောင်ကျေးရွာ ဘုရားလေးလုပ်ကွက် အမှတ် ၂ တွင် တင်းလုပ်သားနှစ်ဦး နင်းကြမ်းပြိုကျကာ လက်ရှိအချိန်ထိ ပိတ်မိနေသည် ။

” ခုချိန်ထိ ပိတ်မိနေတဲ့သူတွေမတွေ့သေးဘူး ။ ရှာဖွေ ကယ်ဆယ်ရေးတွေ လုပ်နေရတုန်းပဲ ” ဟု မိုးကုတ်လူမှု့ကယ်ဆယ်ရေးအဖွဲ့မှ သတင်းပြန်ကြာရေးဖြစ်သူ ကိုဟိန်းထက်မောင်ကပြောသည် ။

ထို့ပြင် အောက်တိုဘာလ ၁၇ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် ချောင်းကြီးကျေးရွာအုပ် နှင့် မာနားကြားရှိ အနက်ပေ ၃၀ ခန့်ရှိသော တောင်အောက်လျှို အတွင်းတွင် လူတစ်ဦး ကျောက်ဆင်းတူးရာ ကမ်းပါးယံမြေများ ပြိုကျမှုကြောင့် မြေပိကာ သေဆုံးခဲ့ကြောင်းသိရသည် ။

အဆိုပါ မြေပိသေဆုံးသူနှင့်ပတ်သတ်ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ်စုံးစမ်းစစ်ဆေးနိုင်ရေးအတွက် သေမှု သေခင်းအမှတ်စဉ် ၁၀/၂၀ဖြင့် ရေးဖွင့်ထားကြောင်းသိရသည် ။

နေသူရိန်လင်း
#TheFifthWaveNews

(zawgyi)

 

မိုးကုတ္ၿမိဳ႕တြင္ ေက်ာက္တူးေဖာ္သူ ႏွစ္ဦး ပိတ္မိေနကာ ၊ တစ္ဦး ေျမပိေသဆုံး

မိုးကုတ္ၿမိဳ႕တြင္ ေက်ာက္တူးေဖာ္သူ ႏွစ္ဦး ပိတ္မိေနကာ တစ္ဦးေျမပိေသဆုံးသြားေၾကာင္း မိုးကုတ္လူမႈကယ္ဆယ္ေရးအသင္းထံကသိရသည္ ။

ေအာက္တိုဘာလ ၁၇ ရက္ေန႔ ေန႔လယ္ ၁ နာရီခြဲ အခ်ိန္တြင္ မိုးကုတ္ သဒြတ္သွ်ိေက်း႐ြာအုပ္စု ေက်ာက္ေဆာင္ေက်း႐ြာ ဘုရားေလးလုပ္ကြက္ အမွတ္ ၂ တြင္ တင္းလုပ္သားႏွစ္ဦး နင္းၾကမ္းၿပိဳက်ကာ လက္ရွိအခ်ိန္ထိ ပိတ္မိေနသည္ ။

” ခုခ်ိန္ထိ ပိတ္မိေနတဲ့သူေတြမေတြ႕ေသးဘူး ။ ရွာေဖြ ကယ္ဆယ္ေရးေတြ လုပ္ေနရတုန္းပဲ ” ဟု မိုးကုတ္လူမႈ႕ကယ္ဆယ္ေရးအဖြဲ႕မွ သတင္းျပန္ၾကာေရးျဖစ္သူ ကိုဟိန္းထက္ေမာင္ကေျပာသည္ ။

ထို႔ျပင္ ေအာက္တိုဘာလ ၁၇ ရက္ေန႔ ညေန ၃ နာရီခြဲအခ်ိန္တြင္ ေခ်ာင္းႀကီးေက်း႐ြာအုပ္ ႏွင့္ မာနားၾကားရွိ အနက္ေပ ၃၀ ခန္႔ရွိေသာ ေတာင္ေအာက္လွ်ိဳ အတြင္းတြင္ လူတစ္ဦး ေက်ာက္ဆင္းတူးရာ ကမ္းပါးယံေျမမ်ား ၿပိဳက်မႈေၾကာင့္ ေျမပိကာ ေသဆုံးခဲ့ေၾကာင္းသိရသည္ ။

အဆိုပါ ေျမပိေသဆုံးသူႏွင့္ပတ္သတ္ၿပီး ဓမၼတာအတိုင္းေသဆုံးျခင္းဟုတ္မဟုတ္စုံးစမ္းစစ္ေဆးႏိုင္ေရးအတြက္ ေသမႈ ေသခင္းအမွတ္စဥ္ ၁၀/၂၀ျဖင့္ ေရးဖြင့္ထားေၾကာင္းသိရသည္ ။

ေနသူရိန္လင္း
#TheFifthWaveNews

Leave a Reply