ကိုဗစ္ပိုးေတြ႕လူနာ သုံးဦးထြက္ေျပး ေမာင္းႏွင္လာသည့္ ကုန္တင္ယာဥ္ ႏွစ္စီးကို ဖမ္းမိ

0
37

ကိုဗစ်ပိုးတွေ့လူနာ သုံးဦးထွက်ပြေး မောင်းနှင်လာသည့် ကုန်တင်ယာဉ် နှစ်စီးကို ဖမ်းမိ

မူဆယ်မြို့မှ မန္တလေးမြို့သို့ ကိုဗစ်ပိုးတွေ့လူနာ သုံးဦး ထွက်ပြေး မောင်းနှင်လာသည့် ကုန်တင်ယာဉ် နှစ်စီးကို အောက်တိုဘာလ ၁၇ ရက်တွင် နောင်ချိုမြို့ဝင်၌ တားဆီးကာ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည် ။

ဖြစ်စဉ်မှာ မန္တလေးဒေသြကြီးတိုင်း၊ စဥ့်ကိုင်မြို့တွင် နေထိုင်သူ (၁၂)ဘီးကုန်တင်ယာဉ် ယာဉ်အမှတ် 9I/4548 ယာဉ်မောင်း၊ ယာဉ်လိုက် နှင့် 4H/6848 ယာဉ်မောင်း သုံး ဦးတို့သည် မူဆယ်မြို့နယ် ကျင်ဆန်းကျော့ ကျန်းမာရေးစစ်ဆေးစခန်းတွင် ကျန်းမာရေးစစ်ဆေးခံပြီး အဖြေမရမီ မိမိတို့သဘောဖြင့် မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာခဲ့ကြကြောင်းသိရသည်။

” မူဆယ် ကျင်ဆန်းကျော့ကျန်းမာရေးစိစစ်စခန်းကနေ သူတို့က swab ယူတယ် ။ အဖြေမသိရသေးပဲ မောင်းပြီးထွက်လာတယ် ။ သူတို့ဆီက swab ယူထားတဲ့အဖြေက Positive အဖြေပေါ်ရော ကြည့်လိုက်တော့ သူတို့ကမရှိတော့ဘူး ။ အဲ့တာနဲ့သက်ဆိုရာကအကြောင်းကြားတော့ သူတို့က ကျောက်မဲကျော်လာပြီဆိုတော့ စောင့်နေတဲ့အချိန်မှာ ည ၁၀ နာရီလောက်မှ ဂုတ်တွင်း-ညောင်ပင်စခန်း အနီးမှာ မိတယ် ” ဟု နောင်ချို ပရဟိအသင်းမှ ကိုချိုတူးကပြောသည် ။

လက်ရှိတွင် အဆိုပါ ပိုးတွေ့လူနာ သုံးဦးအား နောင်ချိုမြို့နယ်ရှိ Quarantine Center တွင်ပို့ဆောင်ထားကြောင်း သိရသည် ။

နေသူရိန်လင်း
#TheFifthWaveNews

(zawgyi)

ကိုဗစ္ပိုးေတြ႕လူနာ သုံးဦးထြက္ေျပး ေမာင္းႏွင္လာသည့္ ကုန္တင္ယာဥ္ ႏွစ္စီးကို ဖမ္းမိ

မူဆယ္ၿမိဳ႕မွ မႏၲေလးၿမိဳ႕သို႔ ကိုဗစ္ပိုးေတြ႕လူနာ သုံးဦး ထြက္ေျပး ေမာင္းႏွင္လာသည့္ ကုန္တင္ယာဥ္ ႏွစ္စီးကို ေအာက္တိုဘာလ ၁၇ ရက္တြင္ ေနာင္ခ်ိဳၿမိဳ႕ဝင္၌ တားဆီးကာ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္ ။

ျဖစ္စဥ္မွာ မႏၲေလးေဒၾသႀကီးတိုင္း၊ စဥ့္ကိုင္ၿမိဳ႕တြင္ ေနထိုင္သူ (၁၂)ဘီးကုန္တင္ယာဥ္ ယာဥ္အမွတ္ 9I/4548 ယာဥ္ေမာင္း၊ ယာဥ္လိုက္ ႏွင့္ 4H/6848 ယာဥ္ေမာင္း သုံး ဦးတို႔သည္ မူဆယ္ၿမိဳ႕နယ္ က်င္ဆန္းေက်ာ့ က်န္းမာေရးစစ္ေဆးစခန္းတြင္ က်န္းမာေရးစစ္ေဆးခံၿပီး အေျဖမရမီ မိမိတို႔သေဘာျဖင့္ မူဆယ္ၿမိဳ႕မွ မႏၲေလးၿမိဳ႕သို႔ ေမာင္းႏွင္လာခဲ့ၾကေၾကာင္းသိရသည္။

” မူဆယ္ က်င္ဆန္းေက်ာ့က်န္းမာေရးစိစစ္စခန္းကေန သူတို႔က swab ယူတယ္ ။ အေျဖမသိရေသးပဲ ေမာင္းၿပီးထြက္လာတယ္ ။ သူတို႔ဆီက swab ယူထားတဲ့အေျဖက Positive အေျဖေပၚေရာ ၾကည့္လိုက္ေတာ့ သူတို႔ကမရွိေတာ့ဘူး ။ အဲ့တာနဲ႔သက္ဆိုရာကအေၾကာင္းၾကားေတာ့ သူတို႔က ေက်ာက္မဲေက်ာ္လာၿပီဆိုေတာ့ ေစာင့္ေနတဲ့အခ်ိန္မွာ ည ၁၀ နာရီေလာက္မွ ဂုတ္တြင္း-ေညာင္ပင္စခန္း အနီးမွာ မိတယ္ ” ဟု ေနာင္ခ်ိဳ ပရဟိအသင္းမွ ကိုခ်ိဳတူးကေျပာသည္ ။

လက္ရွိတြင္ အဆိုပါ ပိုးေတြ႕လူနာ သုံးဦးအား ေနာင္ခ်ိဳၿမိဳ႕နယ္ရွိ Quarantine Center တြင္ပို႔ေဆာင္ထားေၾကာင္း သိရသည္ ။

ေနသူရိန္လင္း
#TheFifthWaveNews

 

Leave a Reply