ေ႐ႊလီျမစ္အတြင္းသို႔ SNLDပါတီ မဲဆြယ္စည္း႐ုံးေရးကားထိုးက် ေလးဦးေသဆုံး

0
50

ရွှေလီမြစ်အတွင်းသို့ SNLDပါတီ မဲဆွယ်စည်းရုံးရေးကားထိုးကျ လေးဦးသေဆုံး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ ၊ နောင်ဟင်ကျေးရွာ ရွှေလီမြစ်ဆိပ် စက်လှေဆိပ်တွင် SNLDမဲဆွယ်စည်းရုံးရေးကားထိုးကျကာ ကားပေါ်ပါ ခုနှစ်ဦး၌ ၅ နှစ်ကလေးတစ်ဦးအပါအဝင် လေးဦးသေဆုံးကြောင်းသိရသည် ။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၈ ရက်နံနက် ၉ နာရီအချိန်တွင် မူဆယ်မြို့နယ် SNLD ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝန်းရံသူများပါဝင်သော ဟွန်ဒါဖစ်ယာဉ်ငယ်တစ်စီး ကမ်းစပ်မှ အရှိန်လွန်၍ မြစ်အတွင်းသို့ပြုတ်ကျခဲ့သည် ။

” ကားပေါ်ပါတဲ့ ခုနှစ်ဦးမှာ သုံးဦးကထိုးကျကျချင်း ထွက်လာတယ် ။ ကျန်တဲ့လေးဦးကတော့ ကားပေါ်မှာကျန်တယ် ။ ခုကားကိုတော့တွေ့ပြီ ဆယ်နေတယ် ။ ကားပေါ်ပါတဲ့ လူကြီး သုံးဦးက သေသွားတယ် ။ ငါးနှစ်ကလေးတစ်ဦးကတော့ ပျောက်နေတယ် ။ မြစ်ထဲ မြောသွားတယ်ထင်တယ် ။ ခု သေဆုံးတဲ့သူတွေကို ဆေးရုံကြီးကို ပို့လိုက်ပြီ ” ဟု မူဆယ်ကရုဏာ နာရေးလူမှုကူညီရေးအသင်းမှ ဥက္ကဌဖြစ်သူ ဦးသောင်းထွန်းကပြောသည် ။

ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များသည်မန့်ဟီးရိုးမြို့ရှိ ဒေသခံပြည်သူများထံသို့မဲဆွယ်စည်းရုံးရေးသွားစဉ် ယခုလိုဖြစ်ပွားသွားကြောင်း SLND ပါတီမှ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဒေါ်နန်းထွေမှုံကပြောသည် ။

” ကျွန်မအပါအဝင် အဲ့ကိုမဲဆွယ်စည်းရုံးသွားကြတာပေါ့ ။ ဒါပေမယ့်ကျွန်မက ခရိုင်ကော်မရှင်ရုံးကို ခဏဝင်နေတဲ့ချိန်မှာ သူတို့က ရေဆိပ်မှာ ဖြစ်နေပြီ ” ဟု ၎င်းကပြောသည် ။

လက်ရှိတွင် မူဆယ်မြို့မှဌာနဆိုင်ရာတာဝန်ရှိသူများမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့်ကရုဏာနာရေးလူမှုကူညီရေးအသင်းတို့မှ ရွှေလီမြစ်အတွင်း ပျောက်ဆုံးနေသော ကလေးတစ်ဦးအား လှည့်လည်ရှာဖွေ နေဆဲဖြစ်ကြောင်းသိရှိရသည်။

နေသူရိန်လင်း
#TheFifthWaveNews

 

(zawgyi)

 

ေ႐ႊလီျမစ္အတြင္းသို႔ SNLDပါတီ မဲဆြယ္စည္း႐ုံးေရးကားထိုးက် ေလးဦးေသဆုံး

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ မူဆယ္ခ႐ိုင္၊ မန႔္ဟီး႐ိုးၿမိဳ႕ ၊ ေနာင္ဟင္ေက်း႐ြာ ေ႐ႊလီျမစ္ဆိပ္ စက္ေလွဆိပ္တြင္ SNLDမဲဆြယ္စည္း႐ုံးေရးကားထိုးက်ကာ ကားေပၚပါ ခုႏွစ္ဦး၌ ၅ ႏွစ္ကေလးတစ္ဦးအပါအဝင္ ေလးဦးေသဆုံးေၾကာင္းသိရသည္ ။

ျဖစ္စဥ္မွာ ေအာက္တိုဘာလ ၁၈ ရက္နံနက္ ၉ နာရီအခ်ိန္တြင္ မူဆယ္ၿမိဳ႕နယ္ SNLD ရွမ္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီဝန္းရံသူမ်ားပါဝင္ေသာ ဟြန္ဒါဖစ္ယာဥ္ငယ္တစ္စီး ကမ္းစပ္မွ အရွိန္လြန္၍ ျမစ္အတြင္းသို႔ျပဳတ္က်ခဲ့သည္ ။

” ကားေပၚပါတဲ့ ခုႏွစ္ဦးမွာ သုံးဦးကထိုးက်က်ခ်င္း ထြက္လာတယ္ ။ က်န္တဲ့ေလးဦးကေတာ့ ကားေပၚမွာက်န္တယ္ ။ ခုကားကိုေတာ့ေတြ႕ၿပီ ဆယ္ေနတယ္ ။ ကားေပၚပါတဲ့ လူႀကီး သုံးဦးက ေသသြားတယ္ ။ ငါးႏွစ္ကေလးတစ္ဦးကေတာ့ ေပ်ာက္ေနတယ္ ။ ျမစ္ထဲ ေျမာသြားတယ္ထင္တယ္ ။ ခု ေသဆုံးတဲ့သူေတြကို ေဆး႐ုံႀကီးကို ပို႔လိုက္ၿပီ ” ဟု မူဆယ္က႐ုဏာ နာေရးလူမႈကူညီေရးအသင္းမွ ဥကၠဌျဖစ္သူ ဦးေသာင္းထြန္းကေျပာသည္ ။

ရွမ္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီဝင္မ်ားသည္မန႔္ဟီး႐ိုးၿမိဳ႕ရွိ ေဒသခံျပည္သူမ်ားထံသို႔မဲဆြယ္စည္း႐ုံးေရးသြားစဥ္ ယခုလိုျဖစ္ပြားသြားေၾကာင္း SLND ပါတီမွ ဗဟိုအလုပ္မႈေဆာင္အဖြဲ႕ဝင္ ေဒၚနန္းေထြမႈံကေျပာသည္ ။

” ကြၽန္မအပါအဝင္ အဲ့ကိုမဲဆြယ္စည္း႐ုံးသြားၾကတာေပါ့ ။ ဒါေပမယ့္ကြၽန္မက ခ႐ိုင္ေကာ္မရွင္႐ုံးကို ခဏဝင္ေနတဲ့ခ်ိန္မွာ သူတို႔က ေရဆိပ္မွာ ျဖစ္ေနၿပီ ” ဟု ၎ကေျပာသည္ ။

လက္ရွိတြင္ မူဆယ္ၿမိဳ႕မွဌာနဆိုင္ရာတာဝန္ရွိသူမ်ားျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္က႐ုဏာနာေရးလူမႈကူညီေရးအသင္းတို႔မွ ေ႐ႊလီျမစ္အတြင္း ေပ်ာက္ဆုံးေနေသာ ကေလးတစ္ဦးအား လွည့္လည္ရွာေဖြ ေနဆဲျဖစ္ေၾကာင္းသိရွိရသည္။

ေနသူရိန္လင္း
#TheFifthWaveNews

Leave a Reply