လာနီညာ ျဖစ္စဥ္ေၾကာင့္ ညအပူခ်ိန္မ်ား ေလ်ာ့နည္း၍ အေအးပိုႏိုင္

0
14

လာနီညာ ဖြစ်စဉ်ကြောင့် ညအပူချိန်များ လျော့နည်း၍ အအေးပိုနိုင်

ယခုနှစ် လာနီညာဖြစ်စဉ်ကြောင့် ဘင်္ဂလား ပင်လယ်အော်တွင် မုန်တိုင်းများ ပိုမိုဖြစ်ပေါ် လာနိုင်ခြင်း၊ ဆောင်းရာသီ ကာလ အရှေ့မြောက် မုတ်သုံလေ အားကောင်းမှုကြောင့် မြန်မာနိုင်ငံ တွင် ညအပူချိန်များ လျော့နည်းခြင်း၊ အအေးပိုခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းမှု ဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်းစသည့် ရာသီဥတု ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)၏ ပင်လယ်ရေ မျက်နှာပြင် အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားနည်းသော လာနီညာအခြေအနေသို့ ရောက်ရှိနေပြီး နိုင်ငံတကာ မိုးလေဝသဌာန များ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက် အရ လာမည့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် အားကောင်းသော လာနီညာ အဆင့်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

လာနီညာဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့် ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါ လာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် ဆောင်းရာသီ ကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်း၊ ဆောင်းရာသီကာလ အရှေ့မြောက်မုတ်သုံလေ အားကောင်းမှုကြောင့် မြန်မာနိုင်ငံတွင် ညအပူချိန်များ လျော့နည်းခြင်း၊ အအေးပိုခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ် ခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းမှု ဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်းစသည့် ရာသီဉတု ဖြစ်စဉ်များ ဖြစ်ပေါ်လေ့ ရှိကြောင်း သိရသည်။

အဆိုပါ လာနီညာဖြစ်ပေါ်မှုနှင့် ပက်သက်သည့် အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေးပို့သွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ဝေဝေဖြိုး
#TheFifthWaveNews

 

(zawgyi)

 

လာနီညာ ျဖစ္စဥ္ေၾကာင့္ ညအပူခ်ိန္မ်ား ေလ်ာ့နည္း၍ အေအးပိုႏိုင္

ယခုႏွစ္ လာနီညာျဖစ္စဥ္ေၾကာင့္ ဘဂၤလား ပင္လယ္ေအာ္တြင္ မုန္တိုင္းမ်ား ပိုမိုျဖစ္ေပၚ လာႏိုင္ျခင္း၊ ေဆာင္းရာသီ ကာလ အေရွ႕ေျမာက္ မုတ္သုံေလ အားေကာင္းမႈေၾကာင့္ ျမန္မာႏိုင္ငံ တြင္ ညအပူခ်ိန္မ်ား ေလ်ာ့နည္းျခင္း၊ အေအးပိုျခင္း၊ အေရွ႕ဘက္မွ ေလေပြလႈိင္းမ်ား တိုက္ခတ္ျခင္း၊ အခ်ိန္အခါမဟုတ္ မိုး႐ြာသြန္းမႈ ျဖစ္စဥ္မ်ား ပိုမိုျဖစ္ေပၚလာျခင္းစသည့္ ရာသီဥတု ျဖစ္စဥ္မ်ား ျဖစ္ေပၚႏိုင္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒ ၫႊန္ၾကားမႈဦးစီးဌာနက ထုတ္ျပန္ထားသည္။

အီေကြတာအနီးရွိ အပူပိုင္းပစိဖိတ္သမုဒၵရာ (Tropical Pacific Ocean)၏ ပင္လယ္ေရ မ်က္ႏွာျပင္ အပူခ်ိန္ႏွင့္ ေလထုျဖစ္စဥ္မ်ားမွာ အားနည္းေသာ လာနီညာအေျခအေနသို႔ ေရာက္ရွိေနၿပီး ႏိုင္ငံတကာ မိုးေလဝသဌာန မ်ား၏ သခ်ၤာပုံစံျပဳေမာ္ဒယ္မ်ား ခန႔္မွန္းခ်က္ အရ လာမည့္ ႏိုဝင္ဘာလႏွင့္ ဒီဇင္ဘာလမ်ားတြင္ အားေကာင္းေသာ လာနီညာ အဆင့္သို႔ ေရာက္ရွိႏိုင္သည္ဟု ခန႔္မွန္းထားေၾကာင္း သိရသည္။

လာနီညာျဖစ္စဥ္သည္ ပစိဖိတ္သမုဒၵရာတြင္ ျဖစ္ေပၚသည့္ ျဖစ္စဥ္ျဖစ္ေသာ္လည္း အဆိုပါ လာနီညာျဖစ္စဥ္ေၾကာင့္ အက်ိဳးသက္ေရာက္မႈမွာ ေယဘုယ်အားျဖင့္ ေဆာင္းရာသီ ကာလအတြင္း ဘဂၤလားပင္လယ္ေအာ္တြင္ မုန္တိုင္းမ်ား ပိုမိုျဖစ္ေပၚလာႏိုင္ျခင္း၊ ေဆာင္းရာသီကာလ အေရွ႕ေျမာက္မုတ္သုံေလ အားေကာင္းမႈေၾကာင့္ ျမန္မာႏိုင္ငံတြင္ ညအပူခ်ိန္မ်ား ေလ်ာ့နည္းျခင္း၊ အေအးပိုျခင္း၊ အေရွ႕ဘက္မွ ေလေပြလႈိင္းမ်ား တိုက္ခတ္ ျခင္း၊ အခ်ိန္အခါမဟုတ္ မိုး႐ြာသြန္းမႈ ျဖစ္စဥ္မ်ား ပိုမိုျဖစ္ေပၚလာျခင္းစသည့္ ရာသီဉတု ျဖစ္စဥ္မ်ား ျဖစ္ေပၚေလ့ ရွိေၾကာင္း သိရသည္။

အဆိုပါ လာနီညာျဖစ္ေပၚမႈႏွင့္ ပက္သက္သည့္ အေျခအေနမ်ားအား အခ်ိန္ႏွင့္တစ္ေျပးညီ ဆက္လက္ထုတ္ျပန္ေပးပို႔သြားမည္ ျဖစ္ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။

ေဝေဝၿဖိဳး
#TheFifthWaveNews

Leave a Reply