ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕တြင္ အစိုးရဆန္႔က်င္ေရးဆႏၵျပပဲြမ်ား ပဥၥမေန႔ အျဖစ္ဆက္လက္ျပဳလုပ္ရန္စီစဥ္

0
19

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ ပဉ္စမနေ့ အဖြစ်ဆက်လက်ပြုလုပ်ရန်စီစဉ်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲ စည်းရုံးလှုပ်ရှားသူများက ဆန္ဒပြသူများ အားလုံးကို အောက်တိုဘာလ ၁၈ ရက်တွင် ဆန္ဒပြပွဲအား ပဉ္စမနေ့ အဖြစ်ဆက်လက်ပြုလုပ်ရန် အ တွက် ဘန်ကောက်မြို့၏ မြေအောက်ရထားနှင့် မိုးပျံရထားဘူတာရုံများတွင် မွန်းလွဲ ၃ နာရီ၌ အသင့် ရှိနေကြရန် တိုက်တွန်းထားကြောင်း သတင်းများအရသိရသည်။

လွတ်လပ်သောလူငယ်များလှုပ်ရှားမှု(Free Youth Movement) အဖွဲ့က Facebook တွင်ဖေါ်ပြထား ရာ၌ မည်သည့်နေရာများ၌ ဆန္ဒပြမှုများစတင်ပြုလုပ်မည်ကို ထပ်မံမကြေညာမီ ဆန္ဒပြသူများအား မြို့ ၏ မြေအောက်ရထားနှင့် မိုးပျံရထားဘူတာရုံများတွင် စုရုံးနေကြရန် ပြောကြားခဲ့သည်။

အောက်တိုဘာလ ၁၇ ရက်ကလည်း Lat Phrao လမ်းဆုံတွင် ဆန္ဒပြသမား ၈,၀၀၀ ခန့်၊ Wongwian Yai မိုးပျံရထားဘူတာရုံတွင် ၈,၀၀၀ ခန့်၊့ Udomsuk-Bang Na မိုးပျံရထားဘူတာရုံတွင် ၆,၀၀၀ ခန့် နှင့် တက္ကသိုလ်ပတ်ဝန်းကျင်တွင် ၁,၀၀၀ ခန့်စုဝေးခဲ့ကြကြောင်း ရဲတပ်ဖွဲ့ကပြောခဲ့သည်။

Ref——Bangkok Post
Translated by Htwe Ko Tun
#TheFifthWaveNews

အောက်တိုဘာလ ၁၇ ရက်က ဘန်ကောက်မြို့ Lat Phrao လမ်းဆုံတွင် ဆန္ဒပြသမားများစုဝေးနေစဉ်။
(photo—–Bangkok Post)

 

(zawgyi)

 

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕တြင္ အစိုးရဆန္႔က်င္ေရးဆႏၵျပပဲြမ်ား ပဥၥမေန႔ အျဖစ္ဆက္လက္ျပဳလုပ္ရန္စီစဥ္

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕တြင္ အစိုးရဆန္႔က်င္ေရးဆႏၵျပပဲြ စည္းရံုးလႈပ္ရွားသူမ်ားက ဆႏၵျပသူမ်ား အားလံုးကို ေအာက္တိုဘာလ ၁၈ ရက္တြင္ ဆႏၵျပပဲြအား ပဥၥမေန႔ အျဖစ္ဆက္လက္ျပဳလုပ္ရန္ အ တြက္ ဘန္ေကာက္ၿမိဳ႕၏ ေျမေအာက္ရထားႏွင့္ မိုးပ်ံရထားဘူတာရံုမ်ားတြင္ မြန္းလဲြ ၃ နာရီ၌ အသင့္ ရွိေနၾကရန္ တိုက္တြန္းထားေၾကာင္း သတင္းမ်ားအရသိရသည္။

လြတ္လပ္ေသာလူငယ္မ်ားလႈပ္ရွားမႈ(Free Youth Movement) အဖဲြ႕က Facebook တြင္ေဖၚျပထား ရာ၌ မည္သည့္ေနရာမ်ား၌ ဆႏၵျပမႈမ်ားစတင္ျပဳလုပ္မည္ကို ထပ္မံမေၾကညာမီ ဆႏၵျပသူမ်ားအား ၿမိဳ႕ ၏ ေျမေအာက္ရထားႏွင့္ မိုးပ်ံရထားဘူတာရံုမ်ားတြင္ စုရံုးေနၾကရန္ ေျပာၾကားခဲ့သည္။

ေအာက္တိုဘာလ ၁၇ ရက္ကလည္း Lat Phrao လမ္းဆံုတြင္ ဆႏၵျပသမား ၈,၀၀၀ ခန္႔၊ Wongwian Yai မိုးပ်ံရထားဘူတာရံုတြင္ ၈,၀၀၀ ခန္႔၊့ Udomsuk-Bang Na မိုးပ်ံရထားဘူတာရံုတြင္ ၆,၀၀၀ ခန္႔ ႏွင့္ တကၠသိုလ္ပတ္ဝန္းက်င္တြင္ ၁,၀၀၀ ခန္႔စုေဝးခဲ့ၾကေၾကာင္း ရဲတပ္ဖဲြ႕ကေျပာခဲ့သည္။

Ref——Bangkok Post
Translated by Htwe Ko Tun
#TheFifthWaveNews

ေအာက္တိုဘာလ ၁၇ ရက္က ဘန္ေကာက္ၿမိဳ႕ Lat Phrao လမ္းဆံုတြင္ ဆႏၵျပသမားမ်ားစုေဝးေနစဥ္။
(photo—–Bangkok Post)

Leave a Reply