အိမ်ကွင်းမှာ ဘုန်းမောက်စ်ကို ရှုံးခဲ့တဲ့ ချယ်လ်ဆီး ၊ အဝေးကွင်းမှာ စပါးကို ရှုံးသွားတဲ့ မန်ယူ 

0
172

ဖေဖော်ဝါရီ ၁ ၊ ၂၀၁၈

ယနေ့နံနက်ပိုင်းမှာ ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၅ မှာ လက်ရှိချန်ပီယံချယ်လ်ဆီးအသင်းဟာ အိမ်ကွင်း စတမ်းဖို့ ဘရစ်မှာ ဘုန်းမောက်အသင်းကို သုံးဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။အဆိုပါပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဟာ အဓိက ကစားသမားအချို့ကို ပွဲထွက်လူစာရင်း ကနေ ချန်လှပ်ခဲ့ပါတယ်။ပွဲစဉ်ပထမပိုင်း ပြီးဆုံးချိန်အထိ ၂သင်းစလုံးဟာ ဂိုးသွင်းနိုင်ခြင်း မရှိခဲ့ပါဘူး။

ဒုတိယပိုင်း ပြန်လည်စတင်လို့ ၅၁ မိနစ်မှာတော့ ၀ယ်လ်ဆင်ရဲ့ သွင်းဂိုးနဲ့ ဘုန်းမောက်စ်တို့ အဖွင့်ဂိုးစတင်ရရှိခဲ့ပါတယ်။ ၆၁ မိနစ်မှာတော့ စတမ်နီဆလပ် ၊ ၆၇ မိနစ်မှာတော့ နေသန် အကီတို့က ဘုန်းမောက်စ် အတွက် ဆက်တိုက်ဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဇန်န၀ါရီဈေးကွက်နောက်ဆုံးရက်မှာ ခေါ်ယူခဲ့တဲ့ အာဆင်နယ်တိုက်စစ်မှူး ဂီရော့စ် ၊ ရိုးမားနောက်ခံလူ အီမာဆင်တို့ဟာ ယခုပွဲကို ပွဲကြည့်စင်မှာ ကြည့်ရှု့ခဲ့ကြပါတယ်။

အင်္ဂလန် ၀င်ဘယ်လေကွင်းမှာ ကစားခဲ့တဲ့ စပါးနဲ့ မန်ယူတို့ရဲ့ ပွဲစဉ်မှာလည်း အိမ်ရှင် စပါးအသင်းက မန်ယူအသင်းကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။စပါးအသင်းနဲ့ မန်ယူအသင်းတို့ပွဲစဉ်ဟာ မန်ယူနည်းပြ မော်ရင်ဟိုအတွက် အတော်လေး အရှက်ရစေတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုရင်တော့ စပါးအသင်းဟာ ပွဲအစ ၁ မိနစ်မှာပဲ အဝေးပေး စနစ်နဲ့ ဂိုးသွင်းသွားခဲ့လို့ပဲ ဖြစ်ပါတယ်။ ဆွန်ယောင်မင်း ၊ အလီ ၊ ဟာရီကိန်းတို့ရဲ့ အမြန်ဆုံး တွဲလုံးတွေနဲ့အတူ အက်ကင်ဆန်က ၁ မိနစ်မှာပင် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
သည့်နောက် ပထမပိုင်း ၂၈ မိနစ်မှာတော့ မန်ယူနောက်ခံလူ ဖီးလ်ဂျုံးရဲ့ ဘောလုံးဖျက်ထုတ်မှု အမှားကတဆင့် ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်းအပြီးမှာ စပါးအသင်းက ၂-၀ နဲ့ မန်ယူကို အနိုင်ရရှိခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ နည်းပြမော်ရင်ဟိုဟာ ထူးခြားသော ကစားသမားအပြောင်းအလဲတွေကို ပြုလုပ်ခဲ့ပါတယ်။ ကွင်းလယ်ကစားသမားပေါ့လ်ဘာကို လူစားလဲပြီး မာတာကို ထည့်သွင်းခဲ့ပါတယ်။ လူစားမလဲခင်မှာ ပေါ့လ်ဘာနဲ့ မော်ရင်ဟိုတို့ဟာ ကွင်းဘေးမှာ စကားအချေအတင် ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။ ပေါ့လ်ဘာအနေနဲ့ ယခုပွဲမှာ လူစားလဲခံရတဲ့ အတွက် ဘ၀င်မကျနိုင်တဲ့ အရိပ်လက္ခာတွေ ရှိနေခဲ့ပါတယ်။ နောက်ထပ်တစ်ဦးကတော့ လင်ဂတ်ပဲ ဖြစ်ပါတယ်။ လင်ဂတ်ကို ဖယ်လိုင်နီနဲ့ လူစားလဲခဲ့ပါတယ်။ လင်ဂတ်ဟာ လူစားလဲခံရတဲ့နောက်မှာ ကွင်းဘေးက အရန်ခုံကို ပြန်လာခဲ့ပြီး အသင်းအဖွဲ့ဝင်တစ်ဦး ပေးတဲ့ အနွေးထည်ကို လွှင့်ပစ်ခဲ့ပါတယ်။ ဒါကြောင့် ယခုပွဲအရှုံးဟာ နည်းပြ မော်ရင်ဟိုနဲ့ ကစားသမားတွေအကြားမှာ စိတ်သဘောထား တင်းမာမှု တွေ စတင်စေခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် ၂၅ ပွဲပြီး ရလဒ်များ
===================
ချယ်လ်ဆီး ၀ – ၃ ဘုန်းမောက်စ်
အဲဗာတန် ၂ – ၁ လက်စတာ
နယူးကာဆယ် ၁ – ၁ ဘန်လေ
ဆောက်သမ်တန် ၁ – ၁ ဘရိုက်တန်
မန်စီတီး ၃ – ၀ ၀က်စ်ဘရွန်း
စတုတ်စီးတီး ၀ – ၀ ၀က်စ်ဖို့ဒ်
စပါး ၂ – ၀ မန်ယူ

NN

—————————————-

Leave a Reply