ဇန်န၀ါရီ ၃၁ ရက်နေ့ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ

0
175

အဲဗာတန်အသင်းဟာ မန်စီးတီးအသင်းရဲ့ ဗဟိုခံစစ်မှူး မန်ဂါလာကို ယခုနှစ် ဘောလုံးရာသီအကုန်အထိ အငှား ခေါ်ယူခဲ့ပါတယ်။

မစ်ဂျေးလန့်အသင်းမှာ ကစားနေတဲ့ အလဇန္ဒား ဆိုလော့ဟာ ခရစ္စတယ်ပဲလေ့စ်ကို ရောက်ရှိသွားပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ ပရီစတန်အသင်းမှ ဂျော်ဒန် ဟူဂီကို ခေါ်ယူနိုင်ခဲ့ပါတယ်။

လက်စတာတိုက်စစ်မှူး ဆလာမီနီဟာ ရာသီကုန်အထိ နယူးကာဆယ်အသင်းကိုအငှား ပြောင်းရွှေ့သွားခဲ့ပါတယ်။

လက်စတာအသင်းရဲ့ လူငယ်ကစားသမား အန်ဒီကင်းဟာ ဆွမ်ဆီးအသင်းမှာ အငှားကစားပါမယ်။

စတုတ်စီးတီးအသင်းဟာ ဂါလာတာစာရေး ကစားသမား ဘာဒိုအူအန်ဒီအေးကို ပြောင်းရွှေ့ကြေး ပေါင် ၁၄သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။

ဝက်စ်ဟမ်းတိုက်စစ်မှူး အန်ဒရီအရူးဟာ ပေါင် ၁၈ သန်းဖြင့် ဆွမ်ဆီးအသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

ဘိုစတွန်ယူနိုက်တက်ရဲ့ ကစားသမား ဂျက် ၀စ်တာကို ဆွမ်းဆီးအသင်းက ခေါ်ယူခဲ့ပါတယ်။ ပြောင်းရွှေ့ကြေးကိုတော့ ဖော်ပြခြင်း မရှိသေးပါဘူး။

ပီအက်စ်ဂျီအသင်းရဲ့ တောင်ပံကစားသမား လူးကပ်မိုရာဟာ ပြောင်းရွှေ့ကြေး ပေါင် ၂၃ သန်းနဲ့ စပါးအသင်းကို ရောက်ရှိခဲ့ပါတယ်။

ဆန်းဒါးလန်း ကစားသမား ဒီဒီယာ အန်ဒေါင်ဟာ ၀က်စ်ဖို့ဒ်အသင်းကို အငှားရောက်ရှိသွားပါတယ်။

အာဆင်နယ်တိုက်စစ်မှူး အိုလိဗာ ဂီရော့စ်ကို ချယ်လ်ဆီးအသင်းက ပေါင် ၁၈သန်းဖြင့် ခေါ်ယူခဲ့ပါတယ်။

ဒေါ့မန်တိုက်စစ်မှူး အူဘာမီယန်ဟာ ပြောင်းရွှေ့ကြေး ပေါင် ၅၆ သန်းဖြင့် အာဆင်နယ်အသင်းကို ရောက်ရှိခဲ့ပါတယ်။

NN

Leave a Reply