လာမည့်နွေရာသီအပြောင်းအရွှေ့တွင် လက်စတာကစားသမား မာရက်ဇ်ကို ခေါ်ယူမည်ဟု ဂွာဒီယိုလာ ဆို

0
153

ဖေဖော်ဝါရီ ၊ ၁ ၊ ၂၀၁၈

ဇန်န၀ါရီအပြောင်းအရွှေ့မှာ အဆင်မပြေဖြစ်ခဲ့ရသော လက်စတာ တောင်ပံကစားသမား မာရက်ဇ်ကို လာမည့်နွေရာသီ အပြောင်းအရွှေ့မှာ ရအောင်ခေါ်ယူမယ်လို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာက ဆိုပါတယ်။

မာရက်ဇ်ဟာ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ မန်စီးတီးနဲ့ ပူးပေါင်းဖို့အတွက် လက်စတာအသင်းထံမှ ထွက်ခွင့်တောင်းခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ မာရက်ဇ်ရဲ့ အပြောင်းအရွှေ့အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၃၀ နဲ့ ကစားသမား တစ်ဦး အလိုက်ပေးပြီး ခေါ်ယူဖို့ ကြိုးစားခဲ့ပါတယ်။ လက်စတာအသင်းက မာရက်ဇ်အတွက် ပေါင်သန်း ၆၀ အလိုရှိနေပြီး မန်စီးတီးရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။

မာရက်ဇ်ဟာ လက်စတာနည်းပြဟောင်း ရာနီရေရီရဲ့ လက်ထက်မှာ တောက်ပလာတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး အနာဂတ်တွင် လက်စတာမှ ထွက်ခွာပြီး ကမ္ဘာ့အဆင့် ထိပ်တန်းအသင်းတစ်ခုမှာ ကစားနိုင်ဖို့ ရည်မှန်းထားသူဖြစ်ပါတယ်။ သူဟာ ယခင်က လက်စတာအသင်းရဲ့ ကစားသမားဟောင်းတွေဖြစ်ကြတဲ့ ကန်တီ နဲ့ ဒရင့်ဝါတာ တို့ကို အားကျနေပါတယ်။ အဆိုပါကစားသမားတွေလို ထိပ်တန်းအသင်းတစ်ခုမှာ ကစားလိုတဲ့ ဆန္ဒတွေ ပြင်းပြနေသူ ဖြစ်ပါတယ်။

“ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် လက်စတာက မာရက်ဇ်ကို တံခါးပိတ်ထားခဲ့ပါတယ်။ လာမယ့်နွေရာသီမှာတော့ ဘာတွေ ဆက်ဖြစ်လာမလဲ စောင့်ကြည့်ကြပေါ့။ သူဟာ လက်ရှိမှာ လက်စတာက ကစားသမားတစ်ဦးဖြစ်ပါတယ်။ သူနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘာအမှားမှ မကျူးလွန်သေးပါဘူး”လို့ ဂွာဒီယိုလာက ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ မာရက်ဇ်ဟာ လက်စတာကစားသမားဘ၀မှာ မပျော်ရွှင်တော့ဘဲ အပြောင်းအရွှေ့ အဆင်မပြေမှုတွေကြောင့် ၀မ်းနည်းစိတ်ပျက်နေကြောင့် မာရက်ဇ်ရဲ့ သူငယ်ချင်းတွေက ဆိုပါတယ်။

NN

Leave a Reply