ဒေါ်​အောင်​ဆန်းစုကြည်​​နေအိမ့် ဓာတ်​ဆီပုလင်းဖြင့်ပစ်ခံရ

0
176

ရန်​ကုန်​ ၊ ​ဖေ​ဖော်​၀ါရီ ၁၊၂၀၁၈

ရန်​ကုန်​မြို့ ဗဟန်းမြို့နယ်​ တက္ကသိုလ်​ရိပ်​သာလမ်းရှိနိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ​ဒေါ်​အောင်​ဆန်းစုကြည်​၏​နေအိမ်​ 
ဖြစ်သော ခြံအမှတ်​ (၅၄ )ကို ယ​နေ့နံနက်​ပိုင်းက၆နာရီ​ကျော်​ခန့်​က ဓာတ်​ဆီပုလင်းကို မီးရှို့ပစ်​ခတ်​မှု ဖြစ်​ပွားခဲ့
သည်​။

ဓာတ်ဆီ ပုလင်းဖြင့် ပစ်ခတ်ရာတွင် တိုင်​ပင်​ခံပုဂ္ဂိုလ်​​နေအိမ်​၏ ​ဘေးကပ်​ရပ်​ရှိ စည်​ပင်​၀န်​ထမ်းအိမ်​ယာဖြစ်သော ခြံအမှတ်​၆၀ ​နံ​ဘေးမှ ပစ်​သွင်းမှုဖြစ်​ပွားခဲ့​ကြောင်း CCTVမှတ်​တမ်းများကိုအ​ခြေခံ၍ ဗဟန်းမြို့နယ်​ တိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စား လှယ်​ ဦး​​သောင်းထွဋ်​ကဖြစ်​စဉ်​ကိုအတည်​ပြု​ပြောဆိုသည်​။

“မနက်​​ဝေလီ​ဝေလင်းအချိန်​ဖြစ်​တာ မြ၀တီဆီဆိုင်​​ဘေးက စည်​ပင်​၀န်​ထမ်းအိမ်​ယာ​ဘေးက​နေ ခြံထဲကိုပစ်​သွင်းတာ။ ၀ါးရုံပင်​​​တွေမီးနည်းနည်းစွဲသွားတယ်​။ ကျန်​တာ​တော့မဖြစ်​ဘူး။ CCTVမှတ်​တမ်းအရ​တော့ ပစ်​တဲ့သူက ကုလားဆင်​ပုံစံမျိုး​တွေ့တယ်​ ´´ဟု ဦး​သောင်းထွဋ်​က​ပြောသည်​။

အခင်းဖြစ်​ပွားချိန်​တွင်​ နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​မှာ ရန်​ကုန်​​နေအိမ်​တွင်​ ရှိမ​နေ​ကြောင်းသိရသည်​။

ဖြစ်​စဉ်​နှင့်​ပတ်​သက်​၍ဗဟန်းမြို့နယ်​ရဲစခန်းမှ CCTVမှတ်​တမ်းများဖြင့်​ တိုက်​ဆိုင်​စစ်​​ဆေး၍ ဆက်​လက်​စုံစမ်း​နေ​ကြောင်းသိရသည်​။

ကိုဥာဏ်

ဓာတ်ပုံ – မင်းကိုကို ဖေ့စဘွတ်ခ်

Leave a Reply