ဘုရားပွဲအတွင်း ဓါးထိုးမှုဖြစ်ပွား

0
186

မန္တလေး၊ ဖေဖော်ဝါရီ ၁၊ ၂၀၁၈

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ဖုံရွာအနောက်ဘက်ရှိ ဘုရားကုန်း တွင် ကျင်းပသည့် ဘုရားပွဲ၌ ဇန်နဝါရီလ ၃၁ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်က ဓားထိုးမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး က သိရသည်။

မြင်းခြံမြို့နယ်၊ ဗလုံကျေးရွာတွင် နေထိုင်သူ ကျော်ခိုင်ဝင်း (၃၇) နှစ်အား ယခင်က ရန်ငြိုးရှိခဲ့ဖူးသည့် မြင်းခြံမြို့နယ် ဖုံရွာကျေးရွာ နေသူ ရဲလင်း(ခ)သံခဲ (၄၈) နှစ် က အရိုးအသွား (၁၂)လက်မခန့်ရှိ ဓါးဦးချွန်ဖြင့်ထိုးခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဓါးဖြင့်ထိုးသည့်အတွက် ကျော်ခိုင်ဝင်း၏ လည်ပင်းဝဲဘက် ထိုးသွင်းဒဏ်ရာ ၁ ချက်၊ လည်ဂုတ်ထိုးသွင်းဒဏ်ရာ ၁ ချက်တို့ ရရှိပြီး မြင်းခြံဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သတ်ပြီး ဓါးဖြင့်ထိုးသူ ရဲလင်း(ခ)သံခဲအား မြင်းခြံ နယ်မြေရဲစခန်းတွင် (ပ)၁၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး က သိရသည်။

နိုင်လင်းဦး

Leave a Reply