ယခုနှစ် ဇန်န၀ါရီအပြောင်းအရွှေ့တွင် အင်္ဂလန်ပရီးမီးယားလိဂ်အသင်းများ သုံးစွဲငွေမှာ ပေါင်သန်း ၄၃၀ အထိ ရှိခဲ့

0
143

ဖေဖော်ဝါရီ ၁ ၊ ၂၀၁၈

အင်္ဂလန်ပရီးမီးယားလိဂ်ကလပ်အသင်းများရဲ့ ဇန်န၀ါရီအပြောင်းအရွှေ့ ကာလအတွင်း ကစားသမား ၀ယ်ယူခဲ့သော ငွေကြေးပမာဏဟာ ပေါင်သန်း ၄၃၀ အထိ ရှိခဲ့ပါတယ်။

အထူးသဖြင့် အပြောင်းအရွှေ့ရဲ့ နောက်ဆုံးရက်ဖြစ်သော ဇန်န၀ါရီ ၃၁ ရက်နေ့ညပိုင်း ဈေးကွက်ပိတ်ချိန်အထိ တစ်ရက်သာ ကာလအတွင်း ကစားသမားဝယ်ယူခဲ့မှုဟာ ပေါင်သန်း ၁၅၀ အထိ ရှိခဲ့ပါတယ်။အဆိုပါ သန်း၁၅၀ အသုံးပြုမှုဟာ စံချိန်တင် အသုံးပြုမှုတစ်ခုလည်း ဖြစ်လာခဲ့ပါ တယ်။

ဒါ့အပြင် ယခုနှစ် ဇန်န၀ါရီအပြောင်းအရွှေ့မှာ ဘာစီလိုနာကို ပြောင်းရွှေ့ သွားသော လီဗာပူးလ် ကစားသမား ကော်တင်ဟိုရဲ့ ပြောင်းရွှေ့ကြေး ၊ အက်သလက်တီကို ကို ပြောင်းသွားတဲ့ ချယ်လ်ဆီးကစားသမား ဒီယေဂို ကော်စတာတို့ရဲ့ ပြောင်းရွှေ့ကြေးဟာ ဇန်န၀ါရီ အပြောင်းအရွှေ့ ကာလတစ်လျှောက် အင်္ဂလန်ကလပ်အ သင်းတွေ ပြန်ရရှိခဲ့တဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေ ဖြစ်လာခဲ့ပါတယ်။

အ၀ယ်စာရင်းမှာတော့ ဒေါ့မန်တိုက်စစ်မှူး အူဘာမီရန်ကို အာဆင်နယ်က ခေါ်ယူခဲ့တဲ့ ပြောင်းရွှေ့ကြေးနဲ့ ဘီဘာအို နောက်ခံလူ လာပိုတေးကို မန်စီးတီးက ခေါ်ယူခဲ့တဲ့ ပြောင်းရွှေ့ကြေးတွေဟာ ဇန်န၀ါရီလအတွက် စံချိန်တင် ခေါ်ယူမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် လီဗာပူးလ်အသင်းမှ ဆောက်သမ်တန် နောက်ခံလူ ဗန်ဒွိုက်အတွက် ပေးချေခဲ့တဲ့ ဈေးနှုန်းဟာလည်း အမြင့်မားဆုံး စာရင်းထဲမှာ ပါဝင်နေခဲ့ပါတယ်။

အင်္ဂလန်ဘောလုံးကလပ်တွေဟာ နိုင်ငံတကာ ဘောလုံးဈေးကွက်မှာ တခြားနိုင်ငံက အင်အားကြီး အသင်းတွေနည်းတူ ငွေကြေးသုံးစွဲမှုတွေ ပိုမိုပြုလုပ်လာကြပါတယ်။ ပရီးမီးယားလိဂ် ကလပ်တွေရဲ့ ငွေကြေး သုံးစွဲမှုဟာ ကမ္ဘာ့အဆင့် ၄ အတွင်းကို ၀င်ရောက်နေခဲ့ပါတယ်။ စီပွားရေး လုပ်ငန်းရှင်တွေဟာ အင်္ဂလန်ကလပ်အသင်းတွေကို ၀ယ်ယူ လာခဲ့တဲ့နောက် အင်္ဂလန်ကလပ်အသင်းတွေဟာ အပြောင်းအရွှေ့ဈေးကွက်မှာ ငွေကြေးသုံးစွဲမှုတွေ ကြမ်းတမ်းလာခဲ့ခြင်း ဖြစ်ပါတယ်။

NN

Leave a Reply