ရန်​ကုန်​​-​မော်​လမြိုင်​ ရထားလမ်းပိုင်းကို ကျပ်သန်းပေါင်း ၅၀၀ ကျော် အကုန်ကျခံ၍ အဆင့်​မြှင့်​တင်မည်

0
230

ရန်​ကုန်​ ၊​ဖေ​ဖော်​၀ါရီ ၂

ရန်​ကုန်​​-​မော်​လမြိုင်​ ရထားလမ်းပိုင်းတွင်​ ကျပ်​သန်း​ပေါင်း ၅၀၀​​ကျော်​ ကုန်​ကျခံ၍ အဆင့်​မြှင့်​တင်​ခြင်းနှင့်​ အကြီးစားပြု ပြင်​သည့်​လုပ်​ငန်းများ​ ဆောင်​ရွက်​သွားမည်​ဖြစ်​​ကြောင်း
မြန်​မာ့မီးရထားမှသိရသည်​။

ရန်​ကုန်​-ပဲခူး-စစ်​​တောင်း-​မော်​လမြိုင်​ ရထားလမ်းပိုင်းနှင့်​တံတား အကြီးစားပြု ပြင်​ခြင်းလုပ်​ငန်းများကိုလာမည့်​ဘဏ္ဍာနှစ်​တွင်​ အပြီး​ဆောင်​ရွက်​သွားမည်​ဖြစ်​​ကြောင်း မြန်​မာ့မီးရထားမှ မြို့ပြ အင်​ဂျင်​နီယာမှူး ဦးသူရ​ဇော်​က​ပြောသည်​။

“ဒီရထားလမ်းပြု ပြင်​တာကို ကျွန်​​တော်​တို့ မီးရထားက​နေပဲ တာဝန်​ယူပြီးလုပ်​​ဆောင်​တာပါ။ရန်​ကုန်​-​မော်​လမြိုင်​အပိုင်းက တိုင်းအမှတ်​(၆)နယ်​အတွင်းမှာ ၉​ချောင်းဆက်​သံလမ်း​တွေ ရာနှုန်းပြည့်​လဲလှယ်​ပြီးသွားပြီ။မြန်​မာ့မီးရထားက​နေ စနစ်​တကျနဲ့လုပ်​​နေတယ်​။ အဲ့လမ်းပြီးသွားရင်​လဲ ​ပြေးဆွဲ​ချိန်​​တွေ​လျှော့ချမယ်​။ခရီးသွားပြည်​သူ​​တွေအဆင်​​ပြေ​​ပြေနဲ့ အရင်​ထက်​စီးရတာ ပိုမြန်​သွားမယ်​။”ဟု ၎င်းက​ပြောသည်​။

အဆိုပါအကြီးစားပြု ပြင်​ခြင်းလုပ်​ငန်းကို မြန်​မာ့မီးရထားမှ တာဝန်​ယူ အဆင့်​မြှင့်​ပြု ပြင်​ခြင်းဖြစ်​ပြီး လက်​ရှိတွင်​ (၉)​ချောင်းဆက်​သံလမ်းလဲလှယ်​ခြင်းလုပ်​ငန်းမှာ ၁၀၀ရာခိုင်​နှုန့်း​ပြီးစီး​နေပြီဖြစ်​​ကြောင်း သိရသည်​။

လက်​ရှိတွင်​ ​ကျောက်​သန့်​စင်​ခြင်းလုပ်​ငန်းများ၊Hand Tie Tamperရိုက်​ခြင်းနှင့်​လမ်းခင်း​ကျောက်​ဖြည့်​တင်းခြင်းလုပ်​ငန်းများ​၌ ​ဆောင်​ရွက်​ရန်​ကျန်​ရှိ​သောလုပ်​ငန်းများကို
ယခုနှစ်​ မတ်​လကုန်​တွင်​အပြီး ​ဆောင်​ရွက်​သွားမည်​ဖြစ်​ပြီး ရန်​ကုန်​-​မော်​လမြိုင်​ လမ်းပိုင်းတွင်​ မိုင်​ ၃၀​ရှိရာမှ ၁၄မိုင်​ပြီးစီးပြီဖြစ်​​သော​ကြောင့်​ ကျန်​ရှိသည့်​ ၁၆မိုင်​ကို လာမည့်​ဘဏ္ဍာနှစ်​တွင်​ အပြီးလုပ်​​ဆောင်​သွားမည်​ဖြစ်​​ကြောင်းသိရသည်​။

လက်​ရှိအချိန်​တွင်​ ရန်​ကုန်​-​မော်​လမြိုင်​ ခရီးစဉ်​ကို ရထား​ပြေးဆွဲချိန်​ (၉)နာရီကြာမြင့်​ပြီး ယင်းကဲ့သို့အဆင့်​မြှင့်​တင်​ခြင်းလုပ်​ငန်းများ ​ဆောင်​ရွက်​ပြီးစီးပါက ​ပြေးဆွဲချိန်​ (၆)နာရီသာကြာမြင့်​​တော့မည်​ဖြစ်​​​သော​ကြောင့်​ အချိန်​ (၃)နာရီ​လျော့ကျသွားမည်​ဖြစ်​သည်​။

 ​​ဝေ​ဝေဖြိုး

Leave a Reply