အာဆင်နယ်နဲ့ ၃ နှစ်ခွဲ စာချုပ်သက်တမ်းတိုးခဲ့တဲ့ အိုဇေး

0
187

ဖေဖော်ဝါရီ ၂ ၊ ၂၀၁၈

အပြောင်းအရွှေ့ ကာလမှာ အာဆင်နယ်မှ ထွက်ခွာမယ်လို့ သတင်းတွေ ထွက်နေခဲ့တဲ့ အိုဇေးဟာယခုအခါ အာဆင်နယ်အသင်းနဲ့ ၃ နှစ်ခွဲတန် စာချုပ်ကို ချုပ်ဆိုလိုက်ပါတယ်။

သူဟာ အပြောင်းအရွှေ့ ကာလမှာ မန်ယူ ၊ PSG ၊ ဂျူဗင်တပ် စတဲ့ အသင်းတွေကို ပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ သို့သော် ဇန်နဝါရီ အပြောင်းအရွှေ့ အပြီးမှာတော့ အိုဇေးဟာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်းတိုးခဲ့တာ ဖြစ်ပါတယ်။

စာချုပ်အသစ်အရ အိုဇေးဟာ တစ်ပတ်ကို ပေါင် သုံးသိန်းခွဲ ရရှိမှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ အိုဇေးကို စာချုပ်သက်တမ်းတိုးဖို့အတွက် အချိန်အတော်ကြာ ဆွေးနွေးခဲ့ပြီး လုပ်ခလစာအပိုင်းမှာ ကြန့်ကြာနေခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အသင်းရဲ့တိုက်စစ်မှူးတွေဖြစ်ကြတဲ့ ဆန်းချက်ဇ် ၊ ဝဲလ်ကော့စ်၊ ဂီရော့စ် တို့ကို ရောင်းထုတ်ခဲ့ပြီး အူဘာမီရန်၊ မစ်ခိတာရန် တို့ကို ပြန်လည်ခေါ်ယူထားပါတယ်။

NN

Leave a Reply