ဒေါ်အောင်ဆန်းစုကြည်၏ ခြံအမှတ် ၅၄ အား ဓာတ်ဆီပုလင်းကိုမီးရှို့၍ ပစ်ခတ်ခဲ့သူကို ဖမ်းမိ

0
139

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ၊၂၀၁၈

ဖေဖော်ဝါရီလ ၁ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်ခြံဝင်းဖြစ်သော ခြံအမှတ် ၅၄ အတွင်းသို့ ဓာတ်ဆီပုလင်းကို မီးရှို့၍ ပစ်ခတ်ခဲ့သူအား ဖေဖော်ဝာရီလ ၂ ရက်နေ့တွင် ဖမ်းဆီး စစ်ဆေးနေပြီဖြစ်ကြောင်း ဗဟန်မြို့မ ရဲစခန်းမှ သတင်းရရှိသည်။

ဖမ်းဆီးရမိသူမှာ ဝင်နိုင်ဆိုသူဖြစ်ပြီး စိတ်မကျန်းမာသူတစ်ဦးဖြစ်ကြောင်း ကနဦး စုံစမ်းမှုများအရ သိရသည်။

#ပဉ္စမလှိုင်း

Leave a Reply