စီးပွား​ရေးထိပ်​တန်းကုမ္ပဏီ​ပေါင်း ၃၀​ကျော်​ပါဝင်​ပြသမည့်​ အလုပ်​အကိုင်​ပြပွဲကို ယခုလတွင်​ ကျင်းပမည်

0
263

ရန်​ကုန်​၊ ​ဖေ​ဖော်​ဝါရီ ၂၊၂၀၁၈

မြန်​မာနိုင်​ငံ၏ စီးပွား​ရေးလုပ်​ငန်း နယ်​ပယ်​အသီးသီးမှ ထိပ်​တန်းကုမ္ပဏီ​ပေါင်း ၃၀​ကျော်​ပါဝင်​ပြသမည့်​ အလုပ်​အကိုင်​ပြပွဲကို ယခုလ ၂၄ရက်​​နေ့၌ ရန်​ကုန်​မြို့ အထက်​ပန်းဆိုးတန်းလမ်းရှိ Rose Garden Hotelတွင်​ ကျင်းပပြုလုပ်​သွားမည်​ဖြစ်​​ကြောင်း work.com.mm မှသိရသည်​။

အဆိုပါပြပွဲကို အွန်​လိုင်းအလုပ်​အကိုင်​ရှာ​ဖွေ​ရေး ဝက်​ဘ်​ဆိုဒြ်​ဖစ်​​သော work.com.mmမှ ဦး​ဆောင်​ကျင်းပမည်​ဖြစ်​ပြီး မြန်​မာနိုင်​ငံရှိ ကျွမ်းကျင်​လုပ်​သားများနှင့်​ ထိပ်​တန်း ကုမ္ပဏီကြီးများကို တိုက်​ရိုက်​ချိတ်​ဆက်​ ​ဆောင်​ရွက်​​ပေးမည်​ဖြစ်​​ကြောင်းသိရသည်​။

ယင်းပြပွဲတွင် အလုပ်အကိုင်ရှာဖွေသူများအ တွက် မိမိ၏အရည်အချင်းကို အခမဲ့စစ်ဆေးခွင့် ရရှိမည့် Competency Test အရည်အချင်းစစ်ေ ဆးမှုအစီအစဉ် ပါဝင်​မည်​ဖြစ်​ပြီး မိမိ၏ သင်္ချာနှင့် ကိန်းဂဏန်း တွက်ချက်နိုင်မှု စွမ်းရည်၊ အင်္ဂလိပ်စာစွမ်းရည်နှင့် ဝေဖန်ပိုင်းခြားဆင်ချင်​သုံးသပ်နိုင်သော စွမ်းရည်တို့ကို အခမဲ့ ဝင်ရော က်စစ်ဆေးဖြေဆိုခွင့်ရရှိ မည်ဖြစ်​ကြောင်းသိရသည်​။

“ဒီအလုပ်​အကိုင်​ပြပွဲမှာ ထည့်​သွင်းစီစဉ်​ထားတဲ့ အရည်​အချင်းစစ်​​ဆေးမှု Competency Tast ဟာလုပ်​ငန်းရှင်​အတွက်​သာ မက အလုပ်​အကိုင်​ရှာ​ဖွေ​နေသူ​တွေအတွက်​ပါ အကျိုးပြုနိုင်​မယ့်​အစီအစဉ်​တစ်​ခုဖြစ်​လာမှာပါ။”ဟု work.com.mmမှ ပြည်​သူ့ဆက်​ဆံ​ရေး မန်​​နေဂျာ ကိုဂျိုးဇက်​က​ပြောသည်​။

အလုပ်​အကိုင်​ရှာ​ဖွေလိုသူများအ​နေဖြင့်​ အဆိုပါအစီအစဉ်​ကို အွန်​လိုင်းမှတစ်​ဆင့်​ ကြိုတင်​ ဝင်​​ရောက်​​ဖြေဆိုထားနိုင်​မည်​ဖြစ်​ပြီး ​ဖြေဆိုလိုသူများမှာ work.com.mm၏ Facebook စာမျက်​နှာတွင်​ ဝင်​​ရောက်​​ဖြေဆိုနိုင်​​ကြောင်းသိရသည်​။

ထိုကဲ့သို့ အရည်​အချင်း စစ်​​ဆေး​ရေး အစီအစဉ်​ Competency Tast ကို ဝင်​​ရောက်​​ဖြေဆိုခြင်းအားဖြင့်​ မြန်​မာနိုင်​ငံ၏ ထိပ်​တန်းကုမ္ပဏီကြီးများနှင့်​ တိုက်ရိုက်ချိတ်ဆက်​​ဆောင်ရွက်ခွင့်​ရရှိ​အောင်စီစဉ်​​ပေးသွားမည်​ဖြစ်
ကြောင်း သိရသည်​။

ဝေ​ဝေဖြိုး

Leave a Reply