တောင်​ကိုရီးယား၌ပြုလုပ်​မည့်​ ပင်​လယ်​စာ ကုန်​စည်​ပြပွဲတွင်​ မြန်​မာလုပ်​ငန်းရှင်​များပါဝင်​ပြသရန်​ဖိတ်​​ခေါ်

0
203

ရန်​ကုန်​ ၊ ​ဖေ​ဖော်​ဝါရီ ၂၊ ၂၀၁၈

တောင်​ကိုရီးယားနိုင်​ငံ ဆိုးလ်​မြို့ရှိ COEXပြခန်းတွင်​ ပြုလုပ်​မည့်​ ‘2018 Seoul International Seafood Show’ ဆိုးလ်​ နိုင်​ငံတကာ ပင်​လယ်​စာ ကုန်​စည်​ပြပွဲတွင်​ ပါဝင်​ပြသရန်​ မြန်​မာလုပ်​ငန်းရှင်​များအား ဖိတ်​ကြားထား​ကြောင်း စီးပွား​ရေးနှင့်​ ကူးသန်း​ရောင်းဝယ်​​ရေး ဝန်​ကြီးဌာန ၊မြန်မာကုန်​သွယ်​မှု မြှင့်​တင်​​ရေးအဖွဲ့ထံမှသိရသည်​။

အဆိုပါပြပွဲကို ယခုနှစ်​​မေလ ၉ရက်​မှ ၁၁ရက်​​နေ့အထိ ကျင်းပပြုလုပ်​မည်​ဖြစ်​ပြီး ပါဝင်​ပြသရန်​အတွက်​ မြန်​မာ့​ရေထွက်​ကုန်​လုပ်​ငန်း ကုမ္ပဏီများအားဖိတ်​ကြားထား​ကြောင်းသိရသည်​။

ပြပွဲတွင်​ ပြခန်း​ပေါင်း ၄၀၀​ကျော်​ဖြင့်နိုင်​ငံ​ပေါင်း ၂၀​ကျော်​မှ ငါး၊ပုစွန်​ အရှင်​များ၊ ငါး၊ပုစွန်​အ​ခြောက်​နှင့်​ ဆားနယ်​များ၊ ​အေးခဲ ငါး၊ပုစွန်​များ၊​ရေညှိ ၊ပင်​လယ်​စာအ​ခြောက်​ခံ အဆာ​ပြေမှုန့်​၊ ready to eatနှင့်​ ready to cook ပြု ပြင်​ထုတ်​လုပ်​​နေ​သော ကုမ္ပဏီများနှင့်​ အ​အေးခန်းသုံး ပစ္စည်းများ၊ ပြု ပြင်​ထုတ်​ပိုးခြင်းဆိုင်​ရာ စက်​ကိရိယာများ စသည့်​ ကုမ္ပဏီ ​ပေါင်း၂၀၀​ကျော်ကပါဝင်​​ပြသမည်​ဖြစ်​ကြောင်းယင်းအဖွဲ့မှသိရ သည်​။

ထို့ပြင်ပြပွဲ၌ ငါးလုပ်ငန်းမူဝါဒ​ဆွေး​နွေးပွဲများ၊ပင်​လယ်​စာ ​ဈေးကွက်​ဆိုင်​ရာ ​ဆွေး​နွေးပွဲများ၊အရည်အ​သွေးသက်မှတ်ချက်ဆိုင်ရာ ​ဆွေး​နွေးပွဲများ၊ ပင်​လယ်​စာ ချက်​ပြုတ်​​ကြော်​​လှော်​ပြပွဲနှင့်​ ပြိုင်​ပွဲများကို ထည့်​သွင်း ကျင်းပမည်​ဖြစ်ပြီး၊​တောင်ကိုရီးယားနိုင်ငံမှကုန်ဝယ်ယူသူများ၊နိုင်ငံတကာမှကုန်ဝယ်ယူသူများနှင့်​လည်း​တွေ့ဆုံ​ဆွေး​နွေးပွဲများပြုလုပ်​​ပေးမည်​ဖြစ်​ 
ကြောင်းသိရသည်​။

ယင်းပြပွဲသို့ သွား​ရောက်​ပြသလိုသည့်​ ​ရေထွက်​ကုန်​လုပ်​ငန်း ကုမ္ပဏီများအ​နေဖြင့်​ မြန်​မာကုန်​သွယ်​မှု မြှင့်​တင်​​ရေးအဖွဲ့၊ကုန်​သွယ်​မှု ဖွံဖြိုး​ရေးဌာနခွဲ ဖုန်း ၀၆၇-၄၃၀၄၄၆၊ဖက်​စ်​ ၀၆၇- ၄၃၀၁၂၈သို့ဆက်​သွယ်​ စုံစမ်းနိုင်​​ကြောင်းသိရသည်​။

ဝေ​ဝေဖြိုး

Leave a Reply