ဇန်န၀ါရီဈေးကွက်မှာ အကြီးကြီးလွဲချော်ခဲ့တဲ့ ချယ်လ်ဆီးနည်းပြ ကွန်တီ

0
139

ဖေဖော်ဝါရီ ၂ ၊ ၂၀၁၈

ချယ်လ်ဆီးနည်းပြ ကွန်တီဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ အပြောင်းအရွှေ့မှာ ကစားသမားခေါ်ယူဖို့အတွက် ကြီးမားသော လွဲချော်မှု ၃ ခုရှိခဲ့ပါတယ်။

ကွန်တီဟာ ဇန်န၀ါရီအပြောင်းအရွှေ့မှာ အဲဗာတန်ကစားသမား ဘာကလေ ၊ ရိုးမားကစားသမား အီမာဆင် နဲ့ အာဆင်နယ် တိုက်စစ်မှူး ဂီရော့စ်တို့ကိုပေါင်သန်း ၅၀ အသုံးပြုပြီး ခေါ်ယူအားဖြည့်ခဲ့ပါတယ်။ သည်လို အားဖြည့်ခဲ့ပေမယ့်လည်း နည်းပြကွန်တီဟာ စိတ်ကျေနပ်မှု မရှိခဲ့ပါဘူး။

ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့်တစ်နေရာက မန်စီးတီး အသင်းနဲ့ ရမှတ် ၁၈ မှတ် ကွာဟနေပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ ဘုန်းမောက်စ်နဲ့ ပွဲစဉ်မှာ ၀ – ၃ နဲ့ ရှုံးခဲ့ပါတယ်။ အဆိုပါပွဲ အပြီးမှာတော့ ချယ်လ်ဆီးနည်းပြ ကွန်တီကို ရာထူးကနေ ဖယ်ရှားဖို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

မည်သို့ပင် ဆိုစေကာမူ ကွန်တီအနေနဲ့ ချယ်လ်ဆီးကို စွန့်ခွာပါက အသင်းအား အမြင့်ဆုံး အဆင့်သတ်မှတ်ချက်တစ်ခုမှာ ရပ်တည်ခဲ့နိုင်ဖို့ ဆန္ဒရှိနေခဲ့ပါတယ်။ ဂါးဒီးယန်း သတင်းစာရဲ့ သုံးသပ်ချက်အရ ကွန်တီဟာ ဇန်န၀ါရီဈေးကွက်မှာ ဗန်ဒွိုက် ၊ ဆန်းချက်ဇ် နဲ့ အဲလက်စ် ဆန်ဒရိုတို့ကို အလိုရှိနေခဲ့ပါတယ်။

သို့ပေမယ့်လည်း မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့တာကြောင့် ကွန်တီဟာ ဘာကလေ ၊ ဂီရော့စ် ၊ အီမာဆင်တို့ကိုသာ ခေါ်ယူခဲ့ရပါတယ်။

ကွန်တီအနေနဲ့ ချယ်လ်ဆီးမှ ဖယ်ရှားခံရပါက ယခင် ဘာစီလိုနာ နည်းပြဟောင်း လူးဝစ်ဟင်းနရစ်မှာ ချယ်လ်ဆီးအသင်းရဲ့ နည်းပြရာထူးကို ရရှိဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

NN

Leave a Reply