ခွင့်မဲပျက်ကွက်မှုဖြင့် လက်စတာတိုက်စစ်မှူး မာရက်ဇ် ဒဏ်ကြေး ပေါင် ၂ သိန်း ပေးရဖွယ်ရှိနေ

0
139

ဖေဖော်ဝါရီ ၊ ၂၀၁၈

လက်စတာအသင်းတိုက်စစ်မှူး မာရက်ဟာ အသင်းရဲ့ လေ့ကျင့်ရေးအစီ အစဉ်ကို လာရောက်ပူးပေါင်းခဲ့ခြင်း မရှိဘဲ ခွင့်မဲ့ ပျက်ကွက်ခဲ့မှုကြောင့် ဒဏ်ငွေ ပေါင် ၂သိန်း ပေးဆောင်ရဖို့ ရှိနေပါတယ်။

မာရက်ဟာ လက်စတာအသင်းနဲ့ ပူးပေါင်းခဲ့ခြင်း မရှိသည်မှာ ၄ ရက်ခန့် ရှိပြီလို့ သိရပါတယ်။ သူဟာ မန်စီးတီးကို ပြောင်းရွှေ့လိုတဲ့ ဆန္ဒ မပြည့်ဝ ခဲ့တဲ့နောက်မှာ စိတ်ဓာတ်အရမ်းကျနေတယ်လို့ သူ့ရဲ့ သူငယ်ချင်းတွေက ဆိုပါတယ်။ ဒါ့အပြင် မာရက်ဇ်ဟာ ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း ပါဝင်ခဲ့ခြင်း မရှိပါဘူး။အဆိုပါ ပွဲစဉ်မှာ လက်စတာအသင်းဟာ အဲဗာတန်အသင်းကို ၂ – ၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

မာရက်ဇ်ရဲ့ ပြုမူလုပ်ကိုင်ပုံတွေဟာ အသင်းကနေ ထွက်ခွာလိုတဲ့ အရိပ်လက္ခဏာတွေ ဖြစ်နေပြီး သူ့အနေနဲ့ လက်စတာ ကစားသမား ဟောင်းတွေ လိုပဲ အသင်းကြီးတွေဆီကို ပြောင်းချင်နေပါတယ်။ မန်စီးတီးဟာ မာရက်ဇ်ကို အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် ပြောင်းရွှေ့ကြေးကြောင့် မအောင်မြင်ခဲ့ပါဘူး။ မန်စီးတီး ဟာ နောက်ဆုံးကမ်းလှမ်းချက်အရ ပေါင် ၆၅ သန်းအထိ ဈေးတိုးပေးခဲ့ပေမယ့် လက်စတာအသင်းက ပေါင်သန်း ၈၀ ခန့် အလိုရှိနေခဲ့ပါတယ်။

ဒါ့အပြင် မာရက်ဇ်ဟာ လက်စတာအသင်း ပရီးမီးယားလိဂ် ဗိုလ်စွဲခဲ့ချိန်မှာ Ballon d’Or ဆုအတွက် လျာထားစာရင်းမှာ ပါဝင်ခဲ့ပြီး သူရဲ့ တန်ကြေး ဟာ လီဗာပူးလ်ခေါ်ယူခဲ့သော ဗန်ဒွိုက် ၊ ဘာစီလိုနာမှ ခေါ်ယူခဲ့သော ကော်တင်ဟိုတို့နီးပါး တန်ကြေးရှိတယ်လို့ လက်စတာ အသင်းက လက်ခံထားပါတယ်။

NN

Leave a Reply