ဘ၀ရဲ့ ၂၄နာရီလုံးကို ဘောလုံးအတွက်ပဲ အချိန်ပြည့် အာရုံစိုက်ထားတယ် ဆိုတဲ့ စပါးနည်းပြ ပိုချက်တီနို

0
86

ဖေဖော်ဝါရီ ၂ ၊ ၂၀၁၈

တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ နည်းပြ ပိုချက်တီနိုက သူ့ဘ၀ရဲ့ အချိန်တိုင်းကို ဘောလုံးအတွက်သာ အာရုံစူးစိုက်ထားတယ်လို့ ဆိုပါတယ်။

ပိုချက်တီနိုဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အဆင့်ထိပ်တန်းဝင် နည်းပြတစ်ဦး ဖြစ်ပါတယ်။ သူဟာ စပါးအသင်းကို ရောက်ရှိလာပြီး အချိန်ကာလ သုံးနှစ်ခွဲအတွင်းမှာ အပြောင်းအလဲများစွာကို ဆောင်ရွက်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့လက်ထက်မှာ စပါးအသင်းဟာ အလီ ၊ အဲရစ်ဒိုင်ရာ ၊ ဟာရီကိန်း စတဲ့ အင်္ဂလန်ကစား သမားကောင်းတွေကို မွေးထုတ်ပေးနိုင်ခဲ့သလို အမှတ်ပေးဇယားရဲ့ အဆင့် ၂ ၊ ၃ နေရာတွေအထိ ရပ်တည်နိုင်အောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။

အသက် ၄၅ နှစ်သာ ရှိသေးတဲ့ ပိုချက်တီနိုဟာ အမြဲတမ်း တိုင်ပင်ဆွေးနွေးရတဲ့ အခြေအနေတွေကို ကြိုက်နှစ်သက်သူဖြစ်ပြီး ဘောလုံးနဲ့ ပတ်သက်တဲ့ စိတ်ခံစားမှုတွေကို အမြဲ အာရုံစိုက်ထားလေ့ရှိ သူဖြစ်ပါတယ်။

သူဟာ စိတ်ခံစားမှု လွယ်ကူသူတစ်ဦးဖြစ်ပြီး နောက်ဆုံးမှာတော့ ပြသနာများ ကိစ္စများကို စိတ်ခံစားမှုနောက်မလိုက်ဘဲ မိသားစုတွေ သူငယ်ချင်းတွေ ညီအစ်ကို မောင်နှမတွေနဲ့ တိုင်ပင်ဆွေးနွေး အဖြေရှာရင်း အကောင်းဆုံး ဖြေရှင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

“ဘောလုံးအတွက် ၂၄ နာရီလုံး အချိန်ပေးထားပါတယ်။ ဘ၀မှာ ဘောလုံးရယ် မိသားစုရယ်က အကောင်းဆုံး ပျော်ရွှင်မှုတွေပဲ ဖြစ်ပါတယ်။ ဘယ်အရာပဲ ဖြစ်ဖြစ် စေ့စပ်ညှိနှိုင်းစကားပြောဆိုပြီး အဖြေရှာရတဲ့ အလေ့အထကို ကြိုက်ပါတယ်။ စိတ်ခံစားမှုအရ ဆုံးဖြတ်လိုက်ရင် အမှားတွေရှိနိုင်ပေမယ့် တွေ့ဆုံ ဆွေးနွေးခြင်းဟာ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါ”လို့ ပိုချက်တီနိုက ပြောပါတယ်။

သူဟာ ကစားသမားတွေရဲ့ နေထိုင်ပုံ ပြုမူပြောဆို ဆက်ဆံပုံတွေကို အမြဲလေ့လာနေတတ်ပြီး အခက်အခဲတွေအတွက် ကူညီဖြေရှင်းပေး လေ့ရှိသူလည်း ဖြစ်ပါတယ်။ စပါးအသင်းဟာ လက်ရှိမှာ လူငယ် ကစားသမား အများစုနဲ့ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအဆင့်မှာ ရပ်တည်နေနိုင်တာဟာ ပိုချက်တီနိုရဲ့ စွမ်းဆောင်ရည်ကောင်းမွန်မှု တွေကြောင့်ပဲ ဖြစ်ပါတယ်။

“ ကျွန်တော့်အလုပ်က နည်းပြပါ။ ဆိုလိုတာကတော့ လူတွေကို အကူအညီပေးရတဲ့ အလုပ်တစ်ခုပါ။ ကစားသမားတွေမှာ အိပ်မက်တွေ ရှိကြပါတယ်။ ဒါတွေကို ကျွန်တော်က ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားရပါတယ်”လို့ ပိုချက်တီနိုက ဆက်ပြောပါတယ်။

NN

Leave a Reply