မန္တလေးတက္ကသိုလ်အတွင်း ဓားထောက်လုယက်မှုဖြစ်ပွား

0
170

မန္တလေး၊ ဖေဖော်ဝါရီ ၂၊ ၂၀၁၈

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ မန္တလေးတက္ကသိုလ်ဝန်းအတွင်း လေးထပ်ကျောင်းဆောင်အနီးတွင် ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က ဓားထောက်လုယက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“အတွဲချိန်းနေတဲ့ သူဆီက ဓားထောက်ပြီး ဖုန်းလုတယ် ။ ဒါနဲ့ ဖုန်းပေးလိုက်တယ် ။ အလုခံရတဲ့သူရဲ့ သူငယ်ချင်းကလည်း ကားထဲမှာ သမီးရည်းစားချိန်းတွေ့နေတယ် ။ ဖုန်းပေးလိုက်ရတော့ လုသွားတဲ့ လူတွေနောက်လိုက်တယ် ။ လိုက်ကြတဲ့အခါမှာ ရတနာပုံဆောင်နားရောက်တော့ ကားနဲ့ လုတဲ့သူကို တိုက်လိုက်တယ် ။ အဲ့ဒါနဲ့ လုတဲ့သူရဲ့ နောက်က ပါလာတဲ့သူက ပါလာတဲ့ ဓါးနဲ့ ကားမောင်းသူကိုထိုးသွားတယ် ။´´ ဟု မန္တ​လေးတက္ကသိုလ်​​ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုကျော်ဝင်းစိန် က ပြောသည်။

ဇန်နဝါရီလ ၂၆ နေ့ ည (၈)နာရီအချိန်ခန့်က ​မန္တ​လေးတက္ကသိုလ်​၊​ဘောလုံးကွင်းသွားသည့်​လမ်း၌ ကျောင်းသားတစ်ဦး Scoopyဆိုင်​ကယ်​၊ ဖုန်း နှင့် ပိုက်​ဆံအိတ်​တို့ လုယူခံခဲ့ရပြီး ဇန်နဝါရီလ ၂၇ ရက်နေ့ နေ့လည် (၂) နာရီအချိန်ခန့်ကလည်း ကျောင်းသူ တစ်ဦး ဆိုင်ကယ်ပျောက်ဆုံးမှုတစ်ခုဖြစ်ပွားခဲ့သေးသည်။

ထို့အပြင် ၂၀၁၇ ခုနှစ် ဇွန်လမှ စက်တင်ဘာလအထိ မန္တလေးတက္ကသိုလ် အတွင်း ဆိုင်ကယ် ၂၃ စီး ခိုးယူခံခဲ့ရကာ ဖုန်း နှင့် အခြားလုယူမှုများလည်း ဖြစ်ကြောင်း မန္တ​လေးတက္ကသိုလ်​​ကျောင်းသားများသမဂ္ဂ က သိရသည် ။ ထို့အတွက်ကြောင့် ကျောင်းသူ ကျောင်းသားများအနေဖြင့် သတိဖြင့် သွားလာကြရန်လည်း မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ၏ တရားဝင် လူမှုကွန်ယက်စာမျက်နှာတွင် သတိပေးထားသည် ။

မန္တလေးတက္ကအတွင်းမှာ လုံခြုံရေးအင်အား ၂၅ ယောက်ဖြင့် သုံးဆိုင်းခွဲပြီး ချထားကြောင်း သိရသည် ။

နိုင်လင်းဦး

Leave a Reply