ဒေါ့မန်အသင်းအတွက် ပထမဆုံးပွဲဦးထွက်မှာ ခြေစွမ်းပြခဲ့တဲ့ ဘတ်ရှူဝါရီ

0
158

ဖေဖော်ဝါရီ ၃၊ ၂၀၁၈

ဇန်နဝါရီ အပြောင်းအရွှေ့ မှာ ချယ်လ်ဆီးအသင်းကနေ ဒေါ့မန်အသင်းဆီကို အငှါးပြောင်းရွှေ့သွားတဲ့ ဘတ်ရှူဝါရီဟာ ဒေါ့မန်အတွက် ပထမဆုံး ဝင်ကစားတဲ့ ပွဲစဉ်မှာပဲ သူ့ရဲ့ခြေစွမ်းကောင်းတွေကို ထုတ်ပြနိုင်ခဲ့ပါတယ်။

ယနေ့နံနက်ပိုင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ ဂျာမန်ဘွန်ဒက်လီဂါ အမှတ်ပေးပြိုင်ပွဲရဲ့ပွဲစဉ်တစ်ခုဖြစ်တဲ့ ကိုလုံးအသင်းနဲ့ ဒေါ့မန်အသင်းတို့ပွဲစဉ်မှာ ဘတ်ရှူဝါရီ ဟာ သွင်းဂိုး ၂ ဂိုး သွင်းယူနိုင်ခဲ့သလို တိုက်စစ်မှူး ရှော်ကယ် ဂိုးသွင်းနိုင်ဖို့လည်း ဖန်တီးမှု တစ်ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ဒေါ့မန်အသင်းဟာ ကိုလုံးအသင်းရဲ့ ကွင်းမှာ ၂ – ၃ ရလဒ် နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဘတ်ရှူဝါရီဟာ ဘယ်လ်ဂျီယံကစားသမားတစ်ဦးဖြစ်ပြီး ချယ်လ်ဆီးအသင်းမှာ အရန်ကစားသမားအဖြစ်နဲ့သာ ကစားခဲ့ရသူဖြစ်ပါတယ်။ ချယ်လ်ဆီး နည်းပြကွန်တီဟာ အာဆင်နယ်တိုက်စစ်မှူး ဂီရော့စ်ကို ခေါ်ယူခဲ့ပြီးတဲ့နောက်မှာ ဘတ်ရှူဝါရီ ကို ဒေါ့မန်အသင်းထံ အငှါးစေလွှတ်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းမှာလည်း လူကာကူရဲ့ နောက်ချန်ကစားသမားအဖြစ်သာ ကစားခဲ့ရသူ ဖြစ်ပါတယ်။

ဘတ်ရှူဝါရီ အနေနဲ့ ဒေါ့မန်အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်မယ်ဆိုရင်တော့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ငံလက်ရွေးစင်ကစားသမား ၁၁ယောက်စာရင်းအတွက် နေရာတစ်နေရာ ရရှိလာဖွယ် ရှိနေပါတယ်။

NN

Leave a Reply