နွေရာသီမှာ ဘိုင်ယန်ကွင်းလယ်လူ ဗီဒယ်ကို ခေါ်ယူဖို့ မျက်စိကျနေတဲ့ မော်ရင်ဟို

0
176

ဖေဖော်ဝါရီ ၃၊ ၂၀၁၈

ယူနိုက်တက်နည်းပြ မော်ရင်ဟိုဟာ လာမယ့်နွေရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ချီလီကွင်းလယ်လူ ဗီဒယ်ကို ခေါ်ယူနိုင်ဖို့ စိတ်ဝင်စား စောင့်ကြည့်နေပါတယ်။

မောရင်ဟိုဟာ ယူနိုက်တက်ရဲ့ ကွင်းလယ်ကို အကောင်းဆုံးကစားသမားတွေနဲ့ စုဖွဲ့ပြီး ပြင်ဆင်ဖို့ ကြံစည်နေပါတယ်။ ဒါ့အပြင် မကြာခင် အနားယူတော့မယ့် မိုက်ကယ်ကားရစ် ရဲ့နေရာအတွက် ဗီဒယ်နဲ့ အစားထိုး ဖြည့်ဆည်းနိုင်ဖို့ စိတ်ကူးနေပါတယ်။ ဗီဒယ်ဟာ ယူနိုက်တက် ကစားသမား ဆန်းချက်ဇ် နဲ့ အတူ နိုင်ငံလက်ရွေးစင် အသင်းမှာ တွဲဖက်ကစားနေသူဖြစ်ပါတယ်။ ဗီဒယ်ကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ ဆန်းချက်ဇ် အတွက်လည်း ပိုပြီး အထောက်အကူ ဖြစ်စေမယ်လို့ မော်ရင်ဟိုက ယူဆနေပါတယ်။

ဗီဒယ်ဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ ချယ်လ်ဆီးအသင်းနဲ့ သတင်းတွေထွက်ပေါ်ခဲ့သူ ဖြစ်ပါတယ်။ အခုတစ်ခါတော့ အိုးထရက်ဖို့ဒ်ကို ရောက်လာဖို့ သတင်းတွေထပ်မံထွက်ပေါ်လာခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ နွေရာသီအပြောင်းအရွှေ့ မှာ ပေါင် ၃၃သန်းနဲ့ ဗီဒယ်ကို ကမ်းလှမ်းခဲ့ပေမယ့် အသက်၃၀အရွယ် ကစားသမားအတွက် ဘိုင်ယန်မြူးနစ်က ပေါင် ၅၈သန်းခန့် အလိုရှိနေပါတယ်။ ဗီဒယ်ဟာ ဘိုင်ယန်မြူးနစ်နဲ့ ၂၀၁၉ အထိ စာချုပ်ချုပ်ထားသူလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ မိုက်ကယ်ကားရစ် နေရာအတွက် ဒေါ့မန်ကစားသမားတွေဖြစ်ကြတဲ့ ပူလီဆစ် ၊ ဝီလ်ဂဲလ် ၊ နာပိုလီ ကွင်းလယ်လူ ဂျော်ဂျင်ဟို စတဲ့ကစားသမားတွေကိုလည်း စောင့်ကြည့်နေပါတယ်။

NN

Leave a Reply