ယခုနှစ်အတွင်းအရှေ့အာရှနှင့်အာဆီယံနိုင်ငံများမှရင်းနှီးမြုပ်နှံမှုအား ကောင်း စွာဝင်ရောက်လာမည်​ဟု​မျှော်​မှန်း

0
186

ရန်​ကုန်​၊​ဖေ​ဖော်​ဝါရီ ၃

အ​နောက်​နိုင်​ငံဖြစ်​သည့်​ ဥ​​ရောပနိုင်​ငံအ​နေဖြင့်​ ၂နှစ်​ ၃နှစ်​အတွင်း အား​ကောင်း​သော ရင်းနှီးမြှုပ်​နှံမှု ဝင်​​ရောက်​မလာနိုင်​​သော်​လည်း လက်ရှိဝင်ေ ရာက်နေသော အရှေ့အာရှနှင့်အာဆီယံနိုင်ငံ များမှ ရင်းနှီးမြုပ်နှံမှုမှာအားကောင်းကောင်းနှင့် ၀င်ရောက်လာနိုင်မည်ဟု​မျှော်​မှန်း​ကြောင်း ရင်းနှီးမြှုပ်​နှံမှုနှင့်​ကုမ္ပဏီများညွှန်​ကြားမှုဦးစီးဌာနမှ
ညွှန်​ကြား​ရေးမှူးချုပ် ဦး​အောင်​နိုင်​ဦးက​ပြောသည်​။

ယခုနှစ်တွင် အနောက်နိုင်ငံများမှ ရင်းနှီးမြုပ်နှံမှု မျှော်မှန်း၍ မရသော် လည်း ၂၀၁၇ ဧပြီလက ထွက်ရှိသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုဥပဒေ သစ်မှာ အရှိန်ရ​နေပြီဖြစ်​​သော​ကြောင့်​ ရင်းနှီးမြှုပ်​နှံမှု အားကောင်း လာမည်​ဖြစ်​ပြီး မြန်မာနိုင်ငံကုမ္ပဏီများဥပဒေသည်​လည်း
ယခုနှစ်​ သြဂုတ်လတွင် အသက်ဝင်မည်ဖြစ်​​သော​ကြောင့် သိသာသော​ပြောင်းလဲမှုများဖြစ်​​ပေါ်လာနိုင်​​ကြောင်း၎င်းကသုံးသပ်​​ပြောဆိုသည်​။

” ဒီနှစ်​ထဲမှာအနောက်ဘက်ကရင်းနှီးမျြုပ်နှံမှုတွေ မျှော်မှန်း လို့မရဘူး။ဒါ​ပေမယ့် အ​ရှေ့အာရှနဲ့ အာဆီယံနိုင်​ငံ​တွေက အား​ကောင်း​ကောင်းနဲ့ဝင်​လာနိုင်​ဖို့အ​နေအထားရှိပါတယ်​။ဒီနှစ်​လျာထားချက်​က ကန်​​ဒေါ်လာ ၆ဘီလျံ ရရှိဖို့​မျှော်​မှန်းထားတာပါ။ ဒီနှစ်​ လျာထားချက်ထက်​​​ကျော်လွန်​နိုင်ပါတယ်”ဟုဦး​အောင်​နိုင်ဦးက
ပြောသည်​။

ထို့ပြင်အိမ်ခြံမြေကဏ္ဍတွင်လည်း ကွန်ဒိုမီနီ ယံဥပဒေ ပေါ်ပေါက်လာပြီ ဖြစ်၍ ယခုနှစ်​တွင် အိမ်ခြံမြေဈေးကွက်များ ကောင်းလာနိုင့်မည်​ဖြစ်​​ကြောင်းနှင့်​ ယခုနှစ်​ ဇန်န၀ါရီလမှစ၍ မြန်မာနိုင်ငံသည် အာဆီယံစီးပွားရေးအ သိုက်အ၀န်း(AEC) ၀င်ရောက်လာပြီဖြစ်​ရာ ကုန်သွယ်မှုကဏ္ဍ၌စိန်​​ခေါ်မှုများရှိ​​သော်​လည်း ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ အခြေအနေကောင်းများ ပေါ်ပေါက် လာနိုင်​မည်​ဖြစ်​​ကြောင်းသိရ သည်​။

၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ် ဒီဇင်ဘာလ ၃၁ ရက်ေ န့အထိ ခွင့်ပြုခဲ့သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ပမာဏမှာ အမေရိကန်ဒေါ်လာ ၅ ဘီလီ ယံ​ကျော်​ရှိပြီး နိုင်ငံခြားရင်းနှီး မြုပ်နှံမှု အမှန်စီး ဝင်မှု တန်ဖိုးပမာဏမှာ အမေရိကန် ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံ ရှိ​ကြောင်းသိရသည်​။

လက်ရှိရင်းနှီးမြှုပ်​နှံမှုကဏ္ဍတွင်​ စင်ကာပူနိုင်​ငံက အများဆုံးဝင်​ရောက်​လျှက်​ရှိပြီး ဟောင်ကောင်၊ကိုရီးယား၊ဂျပန်နှင့်​ တရုတ်နိုင်​ငံများကလည်း လာမည့်​ ၃နှစ်​ခန့်​အထိ ရင်းနှီးမြှုပ်​နှံမှုများဝင်​​ရောက်​​နေမည်​ဟု​မျှော်​မှန်းထားကြောင်းသိရသည်​။

ဝေ​ဝေ​ဖြိုး

Leave a Reply