အမြန်လမ်းတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွား

0
210

ဒီဇင်ဘာ ၂ ။ ၂၀၁၇ ။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂ ရက် (ယနေ့) နံနက် ၈ နာရီမိနစ် ၂၀ အချိန်တွင် ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၁/၅ နှင့် ၂၁/၆ ကြား၌ နေပြည်တော်မှ ရန်ကုန်သို့ မောင်းနှင်လာသော Grand HiAce အမျိုးအစားယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း Myanmar Fire Services Department မှ သတင်းရရှိသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကို လှည်းကူး(၁၁)မိုင် အမြန်လမ်း မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Leave a Reply