လူငယ်ကစားသမားများကို နည်းစနစ် သင်ကြားပေးမယ့် မန်ယူ ကစားသမားဟောင်း မီခေးဆီဗက်စတာ

0
152

ရန်ကုန် ၊ ဖေဖော်ဝါရီ ၃ ၊ ၂၀၁၈

ရန်ကုန်နှင့်တောင်ကြီးမြို့တို့တွင် လူငယ်ကစားသမားများကို မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း မီခေးဆီဗက်စတာက ဘောလုံးနည်းစနစ်ပိုင်းသင်ကြားပြသသွားမည်ဖြစ်ကြောင်း သိရသည်။

“မန်ချက်စတာယူနိုက်တက်အနေနဲ့ကသူ့ရဲ့ကစားတဲ့ပုံစံနဲ့နည်းစနစ်ကျွမ်းကျင်ကြွယ်ဝမှုတွေကနေ မြန်မာနိုင်ငံမှာရှိတဲ့ ဘောလုံးဝါသနာရှင် အနာဂတ်ကြယ်ပွင့်တွေအတွက် နည်းပြနှစ်ဦးနဲ့အတူ သင်ကြားပေးဖို့ ရှိပါတယ်။အဓိကကတော့ နည်းစနစ်ပိုင်းပြည့်ဝဖို့ကို အကောင်အထည် ဖော်ဖို့ကြိုးစားသွားမှာပါ”ဟု ဆီဗက်စတာကပြောသည်။

လူငယ်ကစားသမားများကို နည်းစနစ်ပိုင်းသင်ကြားပေးရန်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် Manda Fermentation တို့၏ပူးပေါင်းစီစဉ်ခြင်းဖြစ်ကာ Manchester United Soccer Schools အစီအစဉ်သတင်းစာရှင်းလင်း ပွဲကို ဖေဖော်ဝါရီ ၃ရက်နေ့က ရန်ကုန်မြို့ Novotal Hotel တွင် ကျင်းပခဲ့သည်။

ရန်ကုန်နှင့် တောင်ကြီးမြို့တို့တွင် ဆီဗက်စတာနှင့်အတူ Manchester United Soccer Schoolsမှ နည်းပြနှစ်ဦးက သင်ကြားပြသသွား မည်ဖြစ်ကြောင်းသိရသည်။ဖေဖော်ဝါရီ ၃ရက် ယနေ့ညနေပိုင်းတွင် သုဝဏ္ဏမြက်ခင်းတုဘောလုံးကွင်းတွင် မြန်မာ ယူ-၁၆ လူငယ်ဘောလုံး အသင်းနှင့်လေ့ကျင့်ခန်းပြုလုပ်သွားမည်ဖြစ်ကြောင်းဆီဗက်စတာက
ပြောသည်။

“သူ့ရဲ့ဘောလုံးအတွေ့အကြုံတွေကိုပြန်လည်ပြီးတော့ ကျွန်တော်တို့မြန်မာလူငယ်ကစားသမားတွေကို ပြန်လည်ပြီး သင်ကြားပြသသွားမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ ဘောလုံးအဖွဲ့ချုပ်အနေနဲ့တကယ့်ကိုအဖိုးမဖြတ်နိုင်တဲ့အတွေ့အ ကြုံတစ်ခုရရှိလာမှာဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းအရေးမှူးဦးကိုကိုသိန်းကပြော သည်။

မီခေးဆီဗက်စတာသည် ပြင်သစ်လက်ရွေးစင်နှင့် မန်ချက်စတာ ယူနိုက်တက်ကစားသမားဟောင်းဖြစ်ပြီး၁၉၉၉ခုနှစ်မှ ၂၀၀၈ခုနှစ်အထိ မန်ယူအသင်းတွင်ကစားခဲ့ပြီး ပရီးမီးယားလိဂ် ၊FA Cup ၊ ချန်ပီယံလိဂ် ဆုဖလားများရရှိခဲ့သည်။

ကိုဥာဏ်

Leave a Reply