မန္တလေးတက္ကသိုလ်အတွင်း ဖြစ်ပွားသည့် ဓားထောက်လုယက်မှု တရားခံဖမ်းဆီးရမိခြင်းမရှိသေး

0
171

မန္တလေး၊ ဖေဖော်ဝါရီ ၃၊ ၂၀၁၈

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ မန္တလေးတက္ကသိုလ်ဝန်းအတွင်း လေးထပ်ကျောင်းဆောင်အနီးတွင် ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က ဓားထောက်လုယက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး တရားခံဖမ်းဆီးရမိခြင်းမရှိသေးကြောင်း မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး က သိရသည်။

ဖြစ်စဉ်မှာ အခင်းဖြစ်နေရာတွင် ရည်းစားနှင့် ချိန်းတွေ့နေသည့် ကိုထွန်းမင်းကျော် (၁၉) နှစ် နှင့် မအိအိနိုင် (၂၀) နှစ်တို့ထံမှ အမည်မသိလူ နှစ်ယောက်မှ ဓါးထောက်ပြီး ဖုန်းလုယူသွားခြင်းဖြစ်ကာ လုယူသူနောက်သို့ ကားဖြင့်လိုက်ရာ ရတနာပုံဆောင်အနီးတွင် အမည်မသိလုယူသူများက ပါလာသည့် ဓါးဖြင့် ထိုးသွားသည့်အတွက် ဒဏ်ရာရရှိခဲ့သည်။

ယင်းဖြစ်စဉ် နှင့်ပတ်သတ်ပြီး မဟာအောင်မြေမြို့မရဲစခန်းတွင် (ပ)၅၇/၂၀၁၈ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၂ နှင့် အမှုဖွင့်ထားပြီး တရားခံဖမ်းစီးရမိရေးဆောင်ရွက်နေကြောင်း မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည် ။

နိုင်လင်းဦး

Leave a Reply