အလုပ်သမားများအား လိင်အကြမ်းဖက်မှုပြုလုပ်သည့်အတွက် အလုပ်ရှင်ဘက်ကို တရားစွဲဆိုမည်

0
136

မန္တလေး၊ ဖေဖော်ဝါရီ ၃၊ ၂၀၁၈

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ Ve Ve အချိုရည်စက်ရုံမှ အမျိုးသမီး အလုပ်သမားများကို လိင်အကြမ်းဖက်မှုပြုလုပ်သည့်အတွက် အလုပ်ရှင်ဘက်ကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း အလုပ်သမားများ ထံက သိရသည်။

အလုပ်ရှင်အနေဖြင့် အမျိုးသမီးအလုပ်သမားများ၏ အဆိုင်းခေါင်းဆောင် များအား အမျိုးသားများကို ခန့်အပ်ထားပြီး ယင်းခေါင်းဆောင်များက အမျိုးသမီးအလုပ်သမားများအပေါ် မဖွယ်မရာ ပြုမူဆက်ဆံ မှုများရှိကြောင်း သိရသည်။

“ကျွန်မဆိုရင် ဖင်တွေကန်တယ် ။ပခုံးတွေလည်း ဖက်တယ် ။ လူအများရှေ့မှာဆိုတော့ ရှက်တယ် ။ ကျွန်မကတော့ သူတို့ကို အရေးယူစေချင်တယ်´´ ဟု အလုပ်သမားတစ်ဦးဖြစ်သည့် မနန္ဒာကျော် က ပြောသည် ။

ယင်း Ve Ve အချိုရည်စက်ရုံ အလုပ်သမားများက ကြုံတွေ့နေသည့် အခက်အခဲများ ပြေလည်ရန်အတွက် ဇန်နဝါရီလ ၃၁ ရက်နေ့ ကတည်းက ဆန္ဒပြတောင်းဆိုခဲ့ရာ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ ပြေလည်မှုမရရှိသေးကြောင်း သိရသည် ။ ထို့အတွက်ကြောင့် အလုပ်ရှင်ဘက်မှ ဆန္ဒပြအလုပ်သမားများထဲက ခေါင်းဆောင် (၆) ဦးကို မတရားတားဆီးကန့်ကွက်မှု ပုဒ်မ ၃၄၁ ဖြင့်အမှုဖွင့်ထားကြောင်း အလုပ်သမားများထံက သိရသည်။

“ကျွန်မတို့ တောင်းဆိုတာတွေ မရရင်တော့ သက်ဆိုင်ရာမှာ အမှုဖွင့်သွားမယ် ။ ကျွန်မတို့ ဒီလိုခံစားနေရတာတွေ မိဘတွေ သိရင် အလုပ်တောင် လုပ်ခွင့်ပြုမှာမဟုတ်ဘူး´´ ဟု အလုပ်သမား တစ်ဦးဖြစ်သည့် မစိုးသန္တာမိုးက ပြောသည်။

ဆန္ဒပြမှုတွင် အလုပ်သမားအင်အား အယောက် ၁၀၀ ကျော်ပါဝင်ကာ အမျိုးသမီးများအား မိုက်ရိုင်းစွာဆဲဆိုဆက်ဆံပြီး လိင်အကြမ်းဖက်သော QC ခေါင်းဆောက်များ အလိုမရှိ ၊ ကျန်းမာရေးနှင့် မညီညွှတ်၊ မြန်မာ့ယဉ်ကျေးမှုနှင့်မကိုက်ညီသော ယူနီဖောင်းများအား ပြောင်းလဲပေးရေး ၊ နားနေဆောင်များရရှိရေး ၊ အလုပ်သမားများ၏ ဆန္ဒမပါပဲ မြို့/ဌာန မပြောင်းရွှေ့ရေး စသည့် တောင်းဆိုချက် (၁၅)ချက်ကို တောင်းဆိုခဲ့သည် ။

နိုင်လင်းဦး

Leave a Reply