လိဒ်ယူနိုက်တက်အသင်းနှင့် တွေ့ဆုံဆွေးနွေးမှုအရ မြန်မာ့ဘောလုံး လောကအတွက် ထူးခြားသည့်အပြောင်းအလဲ တစ်ရပ်ဖြစ်ပေါ်လာမည်

0
178

ရန်ကုန် ၊ ဖေဖော်ဝါရီ ၃ ၊ ၂၀၁၈

မြန်မာဘောလုံးအဖွဲ့ချုပ်MFFဥက္ကဋ္ဌဦးဇော်ဇော်နှင့် အင်္ဂလန်ချန်ပီယံရှစ် ကလပ် လိဒ်ယူနိုက်တက်အသင်းဥက္ကဋ္ဌ Andrea Radrizzani တို့သည် ဇန်န၀ါရီ ၃၀ရက်နေ့ကမြန်မာနိုင်ငံတွင်တွေ့ဆုံဆွေးနွေးခဲ့ပြီး ယင်းတွေ့ဆုံဆွေးနွေးမှု အရ မြန်မာဘောလုံးလောကအတွက် ထူးခြားသည့်အပြောင်းအလဲတစ်ရပ်ဖြစ်လာနိုင်သည်ဟု MFFအထွေထွေအ တွင်းရေးမှူးဦးကိုကိုသိန်းကဆိုသည်။

“ကျွန်တော်ပြောနိုင်တာတော့ မြန်မာဘောလုံးအတွက် အပြု သဘော ဆောင်တဲ့ ကမ်းလှမ်းမှုတွေမြင်တွေ့ရတယ်။ မသေချာသေးတော့ မထုတ်ရဲသေးဘူး။အဲ့တာတစ်ခုတော့မေတ္တာရပ်ခံတာပါ မြန်မာ့ဘောလုံးအတွက် လိဒ်ယူနိုက်တက် အသင်းနဲ့ ဆွေးနွေး ထားတဲ့ကတဆင့် ထူးခြားတဲ့ပြောင်းလဲမှု ရှိလာမှာပါ။ ဒီလောက်ပဲ
ပြောလို့ ရပါတယ်”ဟု ဦးကိုကိုသိန်း ကပြောသည်။

လိဒ်ယူနိုက်တက်အသင်းနှင့် ခြေစမ်းပွဲကစားမည့်အစီအစဉ်နှင့် ဆွေးနွေးသည့်အကြောင်းအရာများကိုမူ၎င်းကပြောဆို ခဲ့ခြင်းမရှိပေ။
လိဒ်ယူနိုက်တက်အသင်းပိုင်ရှင်အီတလီလူမျိုး Andrea Radrizzani သည် ၂၀၁၇ခုနှစ်တွင် အသင်းကိုအလုံးစုံပိုင်ဆိုင် မှုရရှိခဲ့ပြီး မြန်မာဘောလုံးလောကနှင့်ချိတ်ဆက်ဆောင်ရွက်ရန်စိတ်ဝင်စားမှုရှိ နေကြောင်း ၎င်းကပြောသည်။

“အီတလီလူမျိုးလဲဖြစ်တယ်။ မြန်မာကိုလည်းစိတ်ဝင်စားတယ်။ အီတလီသံအမတ်ကလည်းမြန်မာဘောလုံးဖွံ့ဖြိုးတိုး တက်ဖို့အတွက် တောက်လျောက်လုပ်ပေးချင်တဲ့ဆန္ဒရှိတယ်”ဟု၎င်းကဆိုသည်။

Andrea Radrizzaniနှင့်တွေ့ဆုံရာတွင် မြန်မာဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်နှင့်အတူ မြန်မာနေရှင်နယ်လိဂ် ကော်မတီ ဥက္ကဋ္ဌ ၏ ဒေါက်တာစိုင်းဆမ်ထွန်း ၊ MFFအမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော် ၊ ဦးကိုကိုသိန်း၊ MNL အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်တို့ တက်ရောက် ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်း ထုတ်ပြန် ထားသည်။

ကိုဥာဏ်

Leave a Reply