အင်တာတိုက်စစ်မှူး အိုင်ကာဒီကို ခေါ်ယူဖို့ ကြိုးစားမယ့် နာပိုလီအသင်း

0
185

ဖေဖော်ဝါရီ ၃ ၊ ၂၀၁၈

တစ်ရာသီမှာ သွင်းဂိုး ၄၀ လောက်အထိ သွင်းယူနိုင်တဲ့ အင်တာမီလန် တိုက်စစ်မှူး အိုင်ကာဒီကို နာပိုလီအသင်းရဲ့ ဥက္ကဋ္ဌက ခေါ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။

နာပိုလီအသင်းဟာ အိုင်ကာဒီကို ရောနယ်ဒိုနဲ့ ခိုင်းနှိုင်းခဲ့ပြီး ပြောင်းရွှေ့ကြေးအဖြစ် ယူရို ၅၅ သန်းနဲ့ စတင် ကမ်းလှမ်းဖို့ ကြိုးစားနေပါတယ်။

“သူဟာ ကျွန်တော်တို့ အတွက် ခရစ္စတီယာနို ရော်နယ်ဒိုပါပဲ။ ရော်နယ်ဒိုလိုမျိုး ဘောလုံးတစ်ရာသီမှာ ဂိုး ၄၀ လောက်ကို သူသွင်းနိုင်ပါတယ်။”လို့ နာပိုလီအသင်း ဥက္ကဋ္ဌ အော်ရီလိုဒီ လာရန်တီက ဆိုပါတယ်။

အိုင်ကာဒီဟာ ရီးရဲမက်ဒရစ်အသင်းရဲ့ စိတ်ဝင်စားခြင်းကို ခံထားရသူဖြစ်ပြီး နာပိုလီအနေနဲ့ အဆိုပါကစားသမားကို ခေါ်ယူနိုင်ဖို့အတွက် ရီရဲမက်ဒရစ်နဲ့ အပြိုင် ကြိုးစားရဖွယ်ရှိနေပါတယ်။

“သူတို့တွေ နာပိုလီကို ဘာလို့ မရောင်းရမှာလဲ”လို့လည်း နာပိုလီအသင်း ဥက္ကဋ္ဌ အော်ရီလိုဒီ လာရန်တီက ဆက်ပြောပါတယ်။

အိုင်ကာဒီရဲ့ အေးဂျင့်အဖြစ် တာဝန်ယူနေသူမှာ အဆိုပါ ကစားသမားရဲ့ ဇနီးဖြစ်သူ ဖြစ်ပြီး နာပိုလီဥက္ကဋ္ဌ အနေဖြင့် ယူရို ၅၅ သန်း ဖြင့် ခေါ်ယူရန် ဆွေးနွေးညှိနှိုင်းနေတယ်လို့ သိရပါတယ်။

အင်တာမီလန်အသင်းဟာ တိုက်စစ်မှူး အိုင်ကာဒီကို ၂၀၂၁ အထိ စာချုပ်ချုပ်ဆိုထားပြီး အဆိုပါ ကစားသမားကို ခေါ်ယူလိုပါက စာချုပ်ဖျက်သိမ်းကြေး မြောက်မြားစွာကို အင်တာမီလန်သို့ ပေးချေရမှာ ဖြစ်ပါတယ်။ အိုင်ကာဒီရဲ့ အပြောင်းအရွှေ့အတွက် အင်တာမီလန် တာဝန်ရှိသူတွေဟာ ၀ယ်ယူမယ့် အသင်းတွေနဲ့ တရားဝင် ထိပ်တိုက်ဆွေးနွေးဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။

NN

Leave a Reply