မီးလောင်မှုကြောင့် သုံးနှစ်အရွယ်ကလေးငယ် သေဆုံး

0
179

မန္တလေး၊ ဖေဖော်ဝါရီ ၄၊ ၂၀၁၈

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် (၈၈×၈၉)လမ်းနှင့် (၁၇×၁၈)လမ်းကြား အကွက်အမှတ် (၁၃၂)တွင်ဖေဖော်ဝါရီလ (၃)ရက်ည(၇)နာရီခွဲအချိန်ကမီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး သုံးနှစ်အရွယ်ကလေး မီးလောင်သေဆုံးခဲ့သည်။

မီးလောင်သည့်အိမ်သည် သွပ်မိုး ထရန်ကာ ပျဉ်ခင်းနှစ်ထပ်အိမ်ဖြစ်ပြီး (Extension)ပလပ်ခုံခံနိုင်ဝန် အားထက်လျှပ်စစ် ပိုမိုသုံးစွဲသည့်အတွက် အပူလွန်ကဲပြီး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။ ထို့နောက် အနီးရှိမွေ့ယာများသို့ ကူးစက်ကာ အိပ်ပျော်နေသည့် (၃) နှစ်အရွယ် မောင်သူရိန်လင်း မှာလည်းမီးလောင်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး က ထုတ်ပြန်ထားသည်။

ယင်းမီးလောင်ကျွမ်းမှုကို ည (၈)နာရီဝန်းကျင်က သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်နိုင်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် (၁၆)သိန်း ကျော်ရှိကာ မီးလောင်မှုနှင့်ပတ်သက်ပြီး အောင်မြေသာစံမြို့နယ် အမှတ်(၅)ရဲစခန်းတွင် အိမ်ပိုင်ရှင်ဦးညို သန်း (၆၁) နှစ်အား (ပ)၅၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅/၃၀၄-က တို့ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်ထားသည်။

နိုင်လင်းဦး

Leave a Reply