မန္တလေး မီးလောင်မှု နေအိမ် (၄) လုံး ပျက်စီး

0
200

ဒီဇင်ဘာ ၂ ။ ၂၀၁၇ ။

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်၊ ၆၈ လမ်းနှင့် ၆၉ လမ်းကြား (ဆ) ရပ်ကွက်တွင် နေ့လည် ၁၁ နာရီခန့်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး နေအိမ် (၄) လုံးမီးလောင်ပျက်စီးခဲ့ပါသည် ။

မီးလောင်မှုကြောင့် RC တိုက် (၁) လုံး နှင့် သွပ်မိုးထရံကာ အိမ် (၃) လုံးပျက်စီးခဲ့သည် ။

“မီးလောင်တဲ့အကြောင်းအရင်းကိုတော့ စုံစမ်းစစ်ဆေးဆဲဖြစ်တယ် ။ မီးလောင်မှု အဆင့်သက်မှတ်ချက်က level (3) ဖြစ်တဲ့အတွက် မီးငြိမ်းသတ်ယာဉ်က ၃၅ စီး ရေသယ်ယာဉ် က ၁၅ စီး စုစုပေါင်း အစီး (၅၀) ပါ ။” ဟု မန္တလေးတိုင်း ဒေသကြီး ခရိုင်မီးသတ်ဦးစီးဋ္ဌာန ဦးစီးမှူး ဦးသန်းနိုင် က ပြောသည် ။

မန္တလေးတိုင်း ဒေသကြီးအတွင်း ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလကုန်အထိ မီးလောင်မှု ၆၉ ကြိမ်ဖြစ်ပွားခဲ့ပြီး အများစုမှာ ပေါ့ဆမှု ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ခရိုင်မီးသတ်တပ်ဖွဲ့က သိရပါသည် ။

 

Leave a Reply