အိမ်ကွင်းမှာ မစ်ခိတာရန် ရဲ့ ခြေစွမ်းပြမှုနဲ့အတူ အဲဗာတန်ကို ဂိုးပြတ် အနိုင်ရရှိခဲ့တဲ့ အာဆင်နယ်

0
161

ဖေဖော်ဝါရီ ၄၊ ၂၀၁၈

မနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ကျပွဲစဉ်တစ်ခုဖြစ်သော အာဆင်နယ်နဲ့ အဲဗာတန် အသင်းတို့ ပွဲစဉ်မှာ အိမ်ရှင်အာဆင်နယ် အသင်းဟာ ၅ – ၁ ဖြင့် အဲဗာတန်ကို အနိုင်ရရှိခဲ့ပါတယ်။

ယခုပွဲစဉ်မှာ အာဆင်နယ်ကစားသမားအသစ် မစ်ခိတာရန်ဟာ သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေကို ထုတ်ပြခဲ့ပြီး အာရွန်ရမ်ဆေး ၊ အူဘာမီယန်တို့ သွင်းဂိုးတွေ ရနိုင်အောင် ဖန်တီးမှုတွေပြုလုပ်ပေးခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပွဲအစ ၆မိနစ်မှာပင် ရမ်ဆေးရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ် ။ ၁၄ မိနစ်မှာတော့ အာဆင်နယ်နောက်လူ ကိုစီယံနီက ဒုတိယဂိုး ၁၉ မိနစ်မှာ အူဘာမီယန်က သူ့ရဲ့ ပရီးမီးယားလိဂ် ပထမဆုံး သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။သည့်နောက်မှာတော့ ဒုတိယပိုင်း ၆၄ မိနစ်မှာတော့ အဲဗာတန်အတွက် ချေပဂိုးကို လီဝန်က သွင်းယူပေးခဲ့ပါတယ်။
ဒုတိယပိုင်း ၇၄ မိနစ်မှာ ရမ်ဆေးက သူ့ရဲ့ ဟက်ထရစ်သွင်းဂိုးကို ရရှိခဲ့ပါတယ်။ ပွဲအပြီးမှာတော့ အာဆင်နယ်က ၅ – ၁ ဖြင့် အဲဗာတန်ကို အနိုင်ရရှိသွားပါတယ်။

မစ်ခိတာရန်ဟာ ရမ်ဆေးဂိုးသွင်နိုင်ဖို့ ၂ကြိမ်ဖန်တီးပေးခဲ့ပြီး အူဘာမီရန် ဂိုးသွင်းနိုင်ဖို့အတွက် တစ်ကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။

NN

Leave a Reply