မန္တလေးတက္ကသိုလ်အတွင်း ဓားထောက်လုယက်သည့် တရားခံများဖမ်းမိ

0
177

မန္တလေး၊ ဖေဖော်ဝါရီ ၄၊ ၂၀၁၈

မန္တလေးတက္ကသိုလ်ဝန်းအတွင်း လေးထပ်ကျောင်းဆောင်အနီးတွင် ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က ဓားထောက်လုယက်ခဲ့သူများကို ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး က သိရသည်။

ဖြစ်စဉ်မှာ ချိန်းတွေ့နေသည့် ကိုထွန်းမင်းကျော် (၁၉) နှစ် နှင့် မအိအိနိုင် (၂၀) နှစ်တို့ထံမှ အမည်မသိလူ နှစ်ယောက်မှ ဓါးထောက်၍ လက်ကိုင်ဖုန်းများကို လုယူသွားခြင်းဖြစ်ပြီး လုယူသူများ နောက်သို့ ကားဖြင့်လိုက်ရာ ရတနာပုံဆောင်အနီးတွင် လုယူသူများက ပါလာသည့် ဓါးဖြင့် ထိုးသွားသောကြောင့် ယာဉ်မောင်းမှာ ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ အမှုကို အမှတ်(၁၀)ရဲစခန်း နယ်ထိန်းအဖွဲ့မှ စုံစမ်းမှုများပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ(၄)ရက်နံနက်ပိုင်းတွင် လုယက်သူနှစ်ဦးဖြစ်သည့် အောင်စိုးထက် နှင့် အောင်အောင်(ခ)ဂျူစီ တို့ကို ဖမ်းစီးရမိခဲ့ကာ သက်ဆိုင်ရာ အမှတ်(၉)ရဲစခန်းသို့ တရားခံများကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ် အတွက် လုယက်သူနှစ်ဦးဖြစ်သည့် အောင်စိုးထက် နှင့် အောင်အောင်(ခ)ဂျူစီတို့ကို မဟာအောင်မြေမြို့နယ် မြို့မရဲစခန်းတွင် (ပ)၅၇/၂၀၁၈ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၂ ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply