အငြင်းပွားဖွယ်ရာ ဒိုင်ဆုံးဖြတ်ချက်များနဲ့အတူ သရေကျခဲ့တဲ့ လီဗာပူးလ်နဲ့စပါး

0
158

ဖေဖော်ဝါရီ ၅၊ ၂၀၁၈

တနင်္ဂနွေနေ့ နောက်ကျပွဲစဉ်တစ်ပွဲဖြစ်တဲ့ လီဗာပူးလ်- စပါးပွဲစဉ်မှာ အိမ်ရှင်လီဗာပူးလ်အသင်းအနေနဲ့ ဦးဆောင်ဂိုးတွေ သွင်းယူနိုင်ခဲ့သော်လည်း ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်အမှားတချို့ကြောင့် သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

အဆိုပါပွဲစဉ်မှာ လီဗာပူးလ်အသင်းအနေနဲ့ တိုက်စစ်မှူး ဆာလပ်ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂- ၁ ရလဒ်ဖြင့် မိနစ်၉၀ အထိဦးဆောင်နိုင်ခဲ့သော်လည်း ကွင်းလယ်ဒိုင် ဂျွန်မော့စ်ရဲ့ အငြင်းပွားဖွယ်ရာ ပင်နယ်တီဆုံးဖြတ်ချက်ကြောင့် စပါးအသင်း ချေပဂိုးပြန်လည်ရရှိခဲ့ပြီး ၂ဂိုးစီ သရေကျခဲ့တာပဲဖြစ်ပါတယ်။

ကွင်းလယ်ဒိုင်လူကြီး ဂျွန်မော့စ်ဟာ ယခုပွဲစဉ်မှာ ဧည့်သည် စပါးအသင်းအတွက် ပင်နယ်တီပြစ်ဒဏ်ဘော ၂ကြိမ်တိတိဖန်တီးပေးခဲ့ပါတယ်။ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက် အမှားတွေကြောင့် လီဗာပူးလ် ပရိသတ်တွေက ဒေါသထွက်ခဲ့ကြပါတယ်။ ပွဲအပြီးမှာတော့ ဂျွန်မော့စ်ဟာ လုံခြုံရေးအပြည့်ဖြင့် ကာရံကာ ဘောလုံးကွင်းထဲက ထွက်ခွာခဲ့ရပါတယ်။

ယခုပွဲစဉ်မှာ လီဗာပူးလ်တိုက်စစ်မှူး ဆာလပ်ကပထမပိုင်း ၃မိနစ်မှာ ဦးဆောင်ဂိုးကို စတင်သွင်းယူခဲ့ပါတယ်။ စပါးအတွက် ချေပဂိုးကို မိနစ် ၈၀မှာ ဝါယာမာက သွင်းယူခဲ့ပါတယ်။ ၈၇မိနစ်မှာ ဟာရီကိန်းအနေနဲ့ ပင်နယ်တီကန်သွင်းခွင့်ရခဲ့သော်လည်း ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပါဘူး။ မိနစ် ၉၀မှာတော့ အိမ်ရှင်အတွက် အနိုင်ဂိုးကို ဆာလပ်ကသွင်းယူပေးခဲ့ပါတယ်။သို့သော် အဆိုပါ မိနစ် ၉၀မှာပင် ကွင်းလယ်ဒိုင်လူကြီးက စပါးအတွက် ဒုတိယမြောက် ပင်နယ်တီကို ထပ်မံဆုံးဖြတ်ပေးခဲ့ပါတယ်။ အဆိုပါ ပင်နယ်တီကိုလည်း ဟာရီကိန်းပဲ ကန်သွင်းခဲ့ပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။

NN

Leave a Reply