ရန်​ကုန်​စ​တော့အိတ်​ချိန်း စာရင်းဝင်​ကုမ္ပဏီများတိုးတက်​​ရေး စံသတ်​မှတ်​ချက်​များ​ ဖြေ​လျှော့​ပေးမည်

0
214

ရန်​ကုန်​ ၊​ဖေ​ဖော်ဝါရီ ၅ ။ ၂၀၁၈

ရန်​ကုန်​စ​တော့အိတ်​ချိန်းတွင်​ စာရင်းဝင်​ကုမ္ပဏီများ ပိုမိုဝင်​​ရောက်​လာ​ရေးအတွက်​ စာရင်းဝင်​ စံသတ်​မှတ်​ချက်​များကို ​ဖြေ​လျှော့​ပေး သွားမည်​ဖြစ်​​ကြောင်း ငွေချေး သက်သေခံ လက်မှတ် လုပ်ငန်းကြီးကြပ် ရေး ကော်မရှင် (SECM)မှ သိရသည်။

လက်​ရှိတွင်​ ရန်ကုန်စတော့အိတ်ချိန်း(YSX)၌ ရှယ်ယာ ရောင်းချမည့် အများပိုင်ကုမ္ပဏီများ အတွက် စံသတ်မှတ်ချက် ၁၇ချက်သတ်မှတ်ထား ရာ ယင်း၁၇ချက်​ထဲတွင်​ မည်​သည့်​အချက်​များက အခက်အခဲများ ရှိ နေသည်​ကို ပြန်​လည်​သုံးသပ်​​နေပြီး အများပိုင်​​ကုမ္ပဏီများ လိုက်​နာရန်​ခက်ခဲသည့်​အချက်များကိုပြန်လည်စိစစ်၍ ​ဖြေ​လျှော့​ပေးသွားမည် ​ဖြစ်
ကြောင်း SECMအဖွဲ့ဝင်​ ဦး​ဌေးချွန်​က​ပြောသည်​။

“ဒီစံသတ်​မှတ်​ချက်​ကို စလုပ်​တုန်းက စာရင်းဝင်​ကုမ္ပဏီ​တွေ လိုက်​နာနို​င်​ဖို့အတွက်​ဆိုပြီး ​သေ​သေချာချာပြုစုထားတာပါ။ အခုလက်​​တွေ့လုပ်​တဲ့အခါမှာ ဘာ​တွေက လိုက်​နာဖို့ခက်​ခဲ​နေသလဲဆိုတာကို အကုန်​လုံးပြန်​စိစစ်​ပြီးေုဖ​လျှော့​ပေးမှာပါ။အ​ရေးကြီးဆံက​တော့ စာရင်းဝင်​ကုမ္ပဏီ​ တိုးတက်​​ရေးအတွက်​စဉ်းစားတာပါ။အတိအကျ​ဖြေဖို့ကျ​တော့ ဒီ ၁၇ချက်​ထဲက ဘယ်​ဟာကို​ဖြေ​လျှော့​ပေးမလဲဆိုတာက အခု​လော​လော ဆယ်​​ဖြေဖို့​စော​နေပါ​သေးတယ်​။”ဟု၎င်းက​ပြောသည်​။

စ​တော့အိတ်​ချိန်းသို့ ဝင်​​ရောက်​လိုသည့်​ အများပိုင်​ကုမ္ပဏီများသည်​ ရန်​ကုန်​စ​တော့အိတ်​ချိန်းသို့ စာရင်းဝင်​ရန်​​လျှောက်​ထားသည့်​​နေ့တွင်​ ထည့်​ဝင်​ပြီး မတည်​ရင်းနှီး​ငွေအနည်းဆုံး ကျပ်​သန်း ၅၀၀ရှိထား ရခြင်းနှင့်​ ​လျှောက်​ထားသည့်​​နေ့မတိုင်​မီ အနည်းဆုံး ၂နှစ်​ကာလအတွင်း လုပ်​ငန်းအမြတ်​ရရှိထားရမည်​ဟူ​သောအချက်​များအပါအဝင်​ အချက်​ ၁၇ချက်​နှင့်​ ကိုက်​ညီမှသာ စာရင်းဝင်​နိုင်​မည်​ဖြစ်​ပြီး ယခုအခါ စာရင်းဝင်​ ကုမ္ပဏီများ တိုးတက်​​ရေးအတွက်​ ရည်​ရွယ်​၍ အများပိုင်​ကုမ္ပဏီများ အ​နေဖြင့်​ မည်​သည့်​အချက်​များကို လိုက်​နာရန်​ခက်​ခဲ​နေသည်​ဟူ​သောအချက်​များအား ပြန်​လည်​စိစစ်​ကာ ​ဖြေ​လျှော့​ပေးသွား မည်​ဖြစ်​​ကြောင်းသိရသည်​။

လက်​ရှိတွင်​ စာရင်းဝင်​ကုမ္ပဏီများတိုးတက်​​ရေးအဖွဲ့ ဖွဲ့စည်းရန်​​ဆောင်​ရွက်​​နေပြီး ဖွဲ့စည်းပြီးပါက စံသတ်​မှတ်​ချက်​ ​ဖြေ​လျှော့​ရေးလုပ်​ငန်းများကို အမြန်​ဆုံး​ဆောင်​ရွက်​သွားမည်​ဖြစ်​​ကြောင်းသိရသည်​။

မြန်မာနိုင်ငံ၏​ငွေချးသက်သေခံလက်မှတ်လုပ်ငန်း ဈေးကွက်ဖြစ်သည့် ရန်ကုန်စတော့ အိတ်ချိ န်းကို ၂၀၁၅ခုနှစ်ဒီဇင်ဘာလတွင် စတင်ဖွင့် လှစ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဈေးကွက်အတွင်း၌ အများပိုင် ကုမ္ပဏီ များဖြစ်​​သော ပထမမြန်​မာ ရင်းနှီးမြှုပ်​နှံမှု ကုမ္ပဏီ(FMI)၊ မြန်​မာ သီလဝါအထူးစီး ပွား​ရေးဇုန်​အများပိုင်​ကုမ္ပဏီ(MTSH)၊ မြန်​မာနိုင်​ငံသားများဘဏ်​(MCB)၊ ပထမပုဂ္ဂလိကဘဏ်​ (FPB)နှင့်​ TMH တယ်​လီကွန်း အများပိုင်​ကုမ္ပဏီ တို့မှ ရှယ်​ယာများ​ရောင်းချ​ပေးလျှက်​ရှိသည်​။

ဝေ​ဝေဖြိုး

Leave a Reply