မြန်မာနိုင်ငံကုမ္ပဏီများ အက်​ဥပ​ဒေ အသက်​ဝင်​ခြင်းနှင့်​အတူ​ စ​တော့ အိတ်​ချိန်း တွင်​ နိုင်​ငံခြားရင်းနှီးမြှုပ်​နှံမှု ခွင့်​ပြုမည်

0
257

ရန်​ကုန်​ ၊​ဖေ​ဖော်​ဝါရီ ၅ ၊၂၀၁၈

မြန်​မာနိုင်​ငံ​ကုမ္ပဏီများအက်​ဥပ​ဒေ အကျိုးသက်​​ရောက်​မှုရှိလာခြင်း နှင့်အတူ စ​တော့အိတ်​ချိန်းတွင်​နိုင်​ငံခြားရင်းနှီးမြှုပ်​နှံမှုများ ခွင့်​ပြု ပေးသွားမည်​ဖြစ်​​ကြောင်း ငွေ​ချေးသက်​​သေခံလက်​မှတ်​လုပ်​ငန်းကြီးကြပ်​​ရေး​ကော်​မရှင်​(SECM)အဖွဲ့ဝင်​ ဦး​ဌေးချွန်​က​ပြောသည်​။

လက်ရှိတွင်စ​တော့အိတ်ချိန်း၌နိုင်ငံခြားရင်းနှီးမြှုပ်​နှံမှုခွင့်​ပြုနိုင်​​ရေး အတွက် ​အမိန့် နှင့်​ စည်းမျဉ်းစည်းကမ်းများ​ရေးဆွဲရန်​ပြင်​ဆင်​​နေပြီး ယင်းဥပ​ဒေ အသင်​ဝင်​လာခြင်းနှင့်​​တစ်ပြိုင်​နက်​တည်း ရင်းနှီးမြှုပ်​နှံခွင့်​ ပြုသွားမည်​ဖြစ်​​ကြောင်း သိရသည်​။

“စ​တော့အိတ်​ချိန်းကို နိုင်​ငံခြားရင်းနှီးမြှုပ်​နှံမှု ဝင်​​ရောက်​ဖို့ မြန်​မာနို​င်​ငံ ကုမ္ပဏီများ အက်​ဥပ​ဒေက သမ္မတ​တော့ လက်​မှတ်​ထိုးပြီးပြီး၊စတင်​အကျိုးသက်​​ရောက်​မှာက သြဂုတ်​လမှာစနိုင်​မယ်​လို့​မျှော်​လင့်​ထား ပါတယ်​။ ကျွန်​​တော်​ဘက်​ကလည်းတစ်ပြိုင်​နက်​တည်းအဲ့ဥပ​ဒေ အသက်​ဝင်​တာနဲ့ လုပ်​နိုင်​ဖို့ တိတိကျကျ စလုပ်​​နေပါပြီ။”ဟု ၎င်းက​ပြောသည်​။

အဆိုပါအက်​ ဥပ​ဒေနှင့်​လိုက်​​လျောညီ​ထွေဖြစ်​​အောင်​ အများပိုင်​ကုမ္ပဏီများမှ သင်းဖွဲ့စည်းမျဉ်း၊မှတ်​တမ်းများပြန်​လည်​ပြင်​ဆင်​ဆုံးဖြတ်​ရမည့်​ကိစ္စများ၊SECM ဘက်​မှ အမိန့်​ထုတ်​​ပေးရမည့်​ကိစ္စများ၊ ရန်​ကုန်​စ​တော့အိတ်​ချိန်းဘက်​မှ စ​တော့လုပ်​ငန်းနှင့်​ပတ်​သက်​သည့်​အရာများ ကိုပြင်​ဆင်​ရန့်​ကိစ္စရပ်​များနှင့်​စာရင်းဝင်​ကုမ္ပဏီများဘက်​မှပြင်​ဆင်​ရမည့်​အပိုင်းများကို လက်​ရှိတွင် တစ်ပြိုင်​နက်​တည်းလုပ်​​ဆောင်​​ နေ​ကြောင်းသိရသည်​။

စ​တော့အိတ်​ချိန်းသို့နိုင်​ငံခြားရင်းနှီးမြှုပ်​နှံမှုဝင်​​ရောက်​လာမည်​ဆိုလျှင်စ​တော့​ဈေးကွက်​​ကောင်းလာနိုင်​ပြီးဥပ​ဒေအရ အများပိုင် ကုမ္ပဏီများနှင့်​စာရင်းဝင်​ကုမ္ပဏီများတွင်​နိုင်​ငံခြားသားပါဝင်​ခွင့်​ရမည်​ဆိုပါကလိုက်​​လျောညီ​ထွေဖြစ်​​အောင်အဆင်သင့်​လုပ်​​ဆောင် ​​ပေးမည်
ဖြစ်​​ကြောင်း ၎င်းက​ပြောသည်​။

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေသည်​ယခုနှစ်​ သြဂုတ်လတွင် စတင် အသက်ဝင်မည်ဖြစ်​​သော​ကြောင့်သိသာသော ​ပြောင်းလဲမှုများဖြစ်​​ပေါ် လာနိုင်​​ကြောင်း ရင်းနှီးမြှုပ်​နှံမှုနှင့်​ကုမ္ပဏီများ ညွှန်​ကြားမှု ဦးစီးဌာန မှညွှန်​ကြား​ရေးမှူးချုပ်​ ဦး​အောင်​နိုင်​ဦးက​ပြောကြားထားသည်​။

ဝေ​ဝေဖြိုး

Leave a Reply