ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို ဖေဖော်ဝါရီ ၉ ရက်တွင် ရုံးထုတ်မည်

0
136

ရန်ကုန်၊ ဖေဖော်ဝါရီ ၅၊ ၂၀၁၈

နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညို ပျက်စေမှုနှင့် မတရားအသင်းအအက်ဥပဒေပုဒ်မ များဖြင့် ဖမ်းဆီးခြင်း ခံထားရသော ဒေါက်တာအေးမောင်နှင့်စာရေးဆရာဝေဟင်အောင်တို့ကို ဇန်နဝါရီ ၉ ရက်တွင် စစ်တွေတရားရုံးတွင် ရုံးထုတ်မည်ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၃၁ ရက်တွင် ရုံးထုတ်မည်ဟုသတင်းများ ထွက်ပေါ် ခဲ့သော်လည်း မထုတ်ဖြစ်ခဲ့ဘဲ ဇန်နဝါရီ ၂၉ ရက်တွင် ရသေ့တောင် မြို့နယ် ၌ ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါရုံးထုတ်တွင် လုံခြုံရေးကို အထူးတင်းကြပ်ထားသည်။

စတင်ဖမ်းဆီးသည့်ရက်မှ ယနေ့အထိမိသားစုများနှင့်လည်း တွေ့ဆုံခွင့် မရသေးသောကြောင့် ရုံးထုတ်မည့်ရက်တွင် လူချင်းတွေ့ဆုံခွင့် ရရှိအောင်ကြိုးစားသွားမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

“ ရုံးထုတ်တဲ့ရက်မှာ လူချင်းတွေ့အောင်ကြိုးစားမယ်။ ကျွန်တော်တို့ ပါတီက ဖွဲ့ထားတဲ့ ဥပေဒအထောက်အကူပြု ကော်မတီက သူတို့ကို ဘာတွေကူညီနိုင်မလဲဆိုတာကို စီစဉ်မယ်။” ဟု ဦးထွန်းအောင်ကျော်က ပဉ္စမလှိုင်းသို့ပြောသည်။

ဇန်နဝါရီ၁၇ရက်ကရခိုင်ဘုရင့်နိုင်ငံတော်ကျဆုံးခြင်းအခမ်းအနားပွဲပျက်ရာ ဆန္ဒပြခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များက ပစ်ခတ်လူဟုခွဲခဲ့ရာတွင် ၇ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့သည်။ ဆန္ဒပြသူများဖျက်ဆီးမှုများကြောင့် မြို့နယ် ထွေအုပ်ရုံးတွင်လည်း ပျက်စီးမှုများရှိခဲ့သောကြောင့် ပြည်နယ်အစိုးရက ဆန္ဒပြပွဲတွင် ပါဝင်သည့်သူများနှင့် ဟောပြောပွဲတွင်ပါဝင်ခဲ့သည် ဒေါက်အေးမောင်ကိုလည်း ဖမ်းဆီးခဲ့သည်။

ဒေါက်တာအေးမောင်နှင့်စာရေးဆရာဝေဟင်အောင်တို့ကို ပုဒ်မ သုံးခုဖြင့်အမှုဖွင့်ခဲ့ပြီး ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သူများကိုလည်း ဖမ်းဆီးခဲ့သည်။ ရခိုင်ပြည်နယ်ရှိမြို့သုံးခုတွင်လည်း ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရေး အတွက် ဒေသခံများကတောင်းဆိုဆန္ဒပြခဲ့သည်။

မြောက်ဦးအထွေထွေအုပ်ချုပ်ရေးမှူးကို ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ ပြောင်းရွေ့တာဝန်ထမ်ဆောင်စေခဲ့ပြီးမကြာမီ အသတ်ခံခဲ့ရသည်။ အသတ်ခံခဲ့ရသော မြောက်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဟောင်း ဥိးဘိုဘိုမင်းသိုက် ဖြစ်စဉ်ကြောင့် ရခိုင်အရေးကို လူအများ စိတ်ဝင်စား ခဲ့သည်။

ဦးဘိုဘိုမင်းသိုက်အသတ်ခံရမှုနှင့်ပတ်သက်ပြီး မိသားစုဝင်လေးဦးကို ရန်ကုန်မြို့တွင်ဖမ်းဆီးစစ်ဆေးနေကြောင်းလည်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ရဲတပ်ဖွဲ့စစ်ဆေးနေသည်ဆိုသော မိသားစုထဲမှ တစ်ဦးသည် လူသတ်မှုမဖြစ်ခင်ကတည်းက ရန်ကုန်တွင်ရောက်ရှိနေကြောင်း ရခိုင်အခြေစိုက်မီဒီယာများက ဖော်ပြထားသည်။

သျှင်ရဲထွဋ်

Leave a Reply