‘New Mandalay Resort City’ စီမံကိန်းတည်​​ဆောက်​​ရေးလုပ်​ငန်းအတွက်​ EOI တင်​သွင်းရန်​ဖိတ်​​ခေါ်

0
226

ရန်​ကုန်​၊​ဖေ​ဖော်​ဝါရီ ၅။ ၂၀၁၈

မန္တ​လေးတိုင်း​ဒေသကြီး၊ပြင်​ဦးလွင်​၊မန္တ​လေး-လားရှိုးလမ်းမကြီး​ဘေး (၂၁)မိုင်​ အနီးပတ်​ဝန်းကျင်​တွင်​တည်​​ဆောက်​မည့်​ ‘New Mandalay Resort City’ စီမံကိန်းအတွက်​ ရင်းနှီးမြှုပ်နှံ​ဆောင်​ရွက်​လိုသူများအား စိတ်​ဝင်​စားမှုအဆိုပြု လွှာ (EOI) ကိုတင်​သွင်းရန်​ မြန်မာနို​င်​ငံအစိုးရ တည်​​ဆောက်​​ရေးစီမံကိန်းကြီးကြပ်​မှု​ကော်​မတီက ဖိတ်​​ခေါ်ထားသည်​။

ယင်းစီမံကိန်းသည်​ ဧရိယာ (၁၀၀၀၀)ဧကခန့့်​ကျယ်​ဝန်းပြီး ​ဒေသ၏ လူမှုစီးပွားဖွံဖြိုး​ရေး၊မြို့ပြဖွံဖြိုး​ရေးနှင့်​သဘာဝပတ်​ဝန်းကျင် ထိန်းသိမ်း​ရေး အ​ခြေခံသည့်​ Green,Clean and Smart Cityအဖြစ်​ အပိုင်းလိုက်​ အ​ကောင်​အထည်​​ဖော်​ ထူ​ထောင်​​ဆောင်​ရွက်​ရန်​ လျာထားပြီး Conceptual Development Plan များ​ရေးဆွဲထား​ကြောင်းသိရသည်​။

အဆိုပါစီမံကိန်းကို မြန်​မာနို​င်​ငံအစိုးရ၊ တည်​​ဆောက်​​ရေး စီမံကိန်းကြီး ကြပ် ​မှု ​ကော်​မတီမှ ဦးစီး၍ စက်​မှု ITနည်းပညာ၊ စိုက်​ပျိုး​ရေးစီမံကိန်း၊ စီးပွား​ရေးလုပ်​ငန်း၊ကျန်းမာ​ရေး၊ပညာ​ရေးဝန်​​ဆောင်​မှုလုပ်​ငန်းများနှင့်​ ဟိုတယ်​နှင့်​ခရီးသွားလုပ်​ငန်းအ​ခြေပြု မြို့်အဖြစ်​​ဖော်​​ဆောင်​မည် ​ဖြစ်​​သော​ကြောင့်​ စီမံကိန်း​ဆောင်​ရွက်​လိုသည့်​ ပြည်​တွင်း၊ပြည်​ပမှ ပင်​မရင်းနှီးမြှုပ်​နှံတည်​​ထောင်​လိုသူ၏ (EOI)ကို တင်​သွင်းရန်​ ဖိတ်​​ခေါ်ထားခြင်းဖြစ်​သည်​။

စီမံကိန်း​မြေအား ထိ​ရောက်​အကျိုးရှိစွာ အ​ကောင်​အထည်​​ဖော်​နိုင်​မည့်​ ကျွမ်းကျင်​မှုနှင့်​လုပ်​ကိုင်​နိုင်​စွမ်းရှိ​သော ကုမ္ပဏီအဖွဲ့အစည်းများသည်​ NMR City Concept Plan အ​ပေါ် အ​ခြေခံ၍ တည်​​ဆောက်​​ရေး ၊​ဈေးကွက်​ ရှာ​ဖွေ​ရေး၊ရင်းနှီးမြှုပ်​နှံမှုနှင့်​စီမံခန့်​ခွဲမှုလုပ်​ငန်းများ​ဆောင်​ရွက်​လို​ကြောင်း အဆိုပြုလွှာကို တင်​သွင်းရမည်​ဖြစ်​​ကြောင်းသိရသည်​။

EOI ​လျှောက်​လွှာများကို မတ်​လ ၃၁ရက်​​နေ့​နောက်​ဆုံးထား တင်​သွင်းရမည်​ဖြစ်​ပြီး ကနဦး​ရွေးချယ်​ခြင်းခံရသည့်​ Short Listed Firm စာရင်းကို ​ရွေးချယ်​​ရေးဘုတ်​အဖွဲ့မှ စိစစ်​​ရွေးချယ်​၍ ထုတ်​ပြန်​​ ကြေညာ ​ပေးမည်​ဖြစ်​​ကြောင်းသိရသည်​။

ထို့ပြင်​ယင်းစီမံကိန်းနှင့်​ပတ်​သက်​ပြီးအ​သေးစိတ်​အချက်​အလက်​ များနှင့်​ ညွှန်​ကြားချက်​ပုံစံများကို ​ဆောက်​လုပ်​​ရေးဝန်​ကြီးဌာန၊မြို့ပြနှင့်​အိမ်​ရာဖွံဖြိုး​ရေးဦးစီးဌာန၊ရုံးအမှတ်​ (၄၀) သို့မဟုတ်​ မန္တ​လေးတိုင်း​ဒေသကြီး တိုင်း​ဒေသကြီးအစိုးရအဖွဲ့ရုံးတို့တွင်​ရရှိနိုင်​​ကြောင်းသိရသည်​။

ဝေ​ဝေဖြိုး

Leave a Reply