ဆန်းချက်ဇ်ဟာ မန်ယူမှာကစားဖို့မွေးဖွားလာသူဖြစ်ကြောင်း ဂျေမီရက်နက်စ်ဆို

0
167

ဖေဖော်ဝါရီ ၅ ၊ ၂၀၁၈

ဇန်န၀ါရီအပြောင်းအရွှေ့မှာ အာဆင်နယ်ကနေ မန်ယူကို ပြောင်းရွှေ့လာတဲ့ တိုက်စစ်မှူးဆန်းချက်ဇ်ဟာ မန်ယူအတွက် မွေးဖွားလာသူတစ်ဦးဖြစ်ကြောင်း Skysports မှ အစီအစဉ်တင်ဆက်သူ ဘောလုံးနည်း ပြဟောင်း ဂျေမီရက်နက်စ် က ဆိုပါတယ်။

ဆန်းချက်ဇ်ဟာ ဘောလုံးနဲ့ လျင်မြန်စွာ ပြေးလွှားကစားနိုင်ပြီး တစ်ဖက်နောက်တန်းလူတွေအတွက် ထိန်းသိမ်းရခက်ခဲစေသော ကစားသမား တစ်ဦးဖြစ်ကြောင်း ၊ သူ့ကို ထိန်းသိမ်းနိုင်ဖို့အတွက် ပြစ်ဒဏ်ဘော ကျူးလွန်ခြင်းဟာ အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း ရက်နက်စ်က သုံးသပ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၆ ၌ ဟက်ဒါဖီးလ် ကစားသမားများဟာ ဆန်းချက်ဇ်ကို အကြိမ်ရေအများဆုံး လူချကစားခဲ့ပြီး ကျူးလွန်မှု ၁၅ ကြိမ်အထိ ပြုလုပ်ခဲ့ကြပါတယ်။ အဆိုပါပွဲစဉ်မှာ ဆန်းချက်ဇ်ဟာ မန်ယူအတွက် ပထမဆုံး ကစားသမားဘ၀ သွင်းဂိုးကို ရယူနိုင်ခဲ့ပါတယ်။

ကမ္ဘာ့ဘောလုံးလောကတွင် လူနှင့်ဘောလုံးအတူတကွ ပူးတွဲ၍ လျင်မြန်စွာ ပြေးလွှားကစားနိုင်သော ကစားသမားမျိုးမှာ ရှားပါးကြောင်း ၊ သို့သော် ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်ဇ်နှင့် ယခုမန်ယူတိုက်စစ်မှူး ဆန်းချက်တို့မှာ အဆိုပါ စွမ်းရည်များကို ပိုင်ဆိုင်ထားကြကြောင်း ရက်နက်စ်က ဆိုပါတယ်။

ဆန်းချက်ဇ်ဟာ မန်ယူကွင်းလယ်လူ မစ်ခိတာရန်နှင့် အလဲအလှယ်သဖွယ် ပြုလုပ်၍ မန်ယူအသင်းကို ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ သူဟာ လက်ရှိမှာ မန်ယူအတွက် ၃ ပွဲဝင်ရောက်ကစားထားပြီး အကောင်းဆုံးခြေစွမ်းပြမှုတွေကို လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။

NN

Leave a Reply