အမျိုးသားကဇာတ်ရုံ(မန္တလေး)ကို ပုဂ္ဂလိကသို့ငှားရမ်းသွားမည်

0
286

ဒီဇင်ဘာ ၂ ။ ၂၀၁၇။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၆၆ လမ်း ကျုံးဘေးရှိအမျိုးသားကဇာတ်ရုံ (မန္တလေး) ကို ပုဂ္ဂလိကသို့ ငှားရမ်းသွားမည်ဖြစ်ကြောင်း သိရသည် ။

ယင်းအမျိုးသားကဇာတ်ရုံသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန လက်အောက်တွင် တည်ရှိပြီး ပုဂ္ဂလိကသို့ လွှဲပြောင်းငှားရမ်းရန်အတွက် တင်ဒါခေါ်ထားခြင်းဖြစ်သည် ။

“ငှားရမ်းဖို့ တင်ဒါခေါ်တာကို နေပြည်တော်က ညွှန်ကြားချက်နဲ့ လုပ်တာပါ ။ တိုင်းဒေသကြီးအစိုးရညွှန်ကြားချက်နဲ့မဟုတ်ပါဘူး ။ ဒီလို ပုဂ္ဂလိကငှားရမ်းဖို့ တင်ဒါခေါ်တာ ဒါ ပထမဆုံးပါ ။ ရန်ကုန်ကအမျိုးသားကဇာတ်ရုံကိုတော့ တင်ဒါခေါ်တာ မကြားသေးဘူး ။” ဟု အမျိုးသားကဇာတ်ရုံ တာဝန်ခံ က ပြောပါသည် ။

မန္တလေးအမျိုးသားကဇာတ်ရုံကို လက်ရှိအခြေအနေအတိုင်းငှားရမ်းသွားမှာဖြစ်ပြီး အမျိုးသား ကဇာတ်ရုံအတွက် တင်ဒါတစောင်လျှင် ၁၀၀၀၀ ကျပ် ၊ မြေနေရာအတွက် တင်ဒါတစ်စောင်လျှင် ၂၀၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည် ။

အမျိုးသားကဇာတ်ရုံ (မန္တလေး) ကို ပုဂ္ဂလိကလွှဲပြောင်းနိုင်ရေး အတွက် နိုဝင်ဘာလ ၇ ရက်နေ့မှ စတင်ကာ တင်ဒါခေါ်ယူခဲ့ပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် တင်ဒါပိတ်သွားမည်ဟု သိရသည်။ယင်းဇာတ်ရုံကို ငှားရမ်းခွင့်ရရှိသူအနေဖြင့် ပွဲများ ပြုလုပ်ပါက တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုမိန့်ဖြင့်သာ ပြုလုပ်ရမည်ဖြစ်ပြီး ငှားရန်းခ ဈေးနှုန်းများကိုပြင်ဆင်သတ်မှတ်နိုင်ကြောင်း သိရသည် ။

အမျိုးသားကဇာတ်ရုံ (မန္တလေး) ၏ ငှားရမ်းခမှာ တစ်ရက် ကျပ်သိန်း ၂၀ ဖြစ်ပြီး တစ်နှစ်လျှင် ပွဲပေါင်း ၃၀ ကျော်ပြုလုပ်ရကြောင်း သိရသည် ။

Leave a Reply