သွင်းဂိုး ၁၀၀ ပြည်ခဲ့တဲ့ စပါးတိုက်စစ်မှူး ဟာရီကိန်း 

0
166

ဖေဖော်ဝါရီ ၅ ၊ ၂၀၁၈

လီဗာပူးလ် ၂-၂စပါးပွဲစဉ်မှာ ပင်နယ်တီမှတဆင့် ဂိုးသွင်းနိုင်ခဲ့တဲ့ စပါးတိုက်စစ်မှူး ဟာရီကိန်းဟာ သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့တဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။

ဟာရီကိန်းဟာ လီဗာပူးလ်နဲ့ပွဲစဉ်မှာ ပင်နယ်တီမှတဆင့် ချေပဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ အဆိုပါ ချေပဂိုးကြောင့် သူဟာ ပွဲပေါင်း ၁၄၁ ပွဲကစားပြီး သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့တဲ့ ကစားသမား ဖြစ်လာခဲ့ ပါတယ်။ အဆိုပါ သွင်းဂိုး ၁၀၀ ပြည်မြောက်ခဲ့မှုအတွက် Nike က ဖိနပ်တစ်စုံ ချီးမြှင့်ခဲ့ပါတယ်။

အင်္ဂလန်ပရီးမီးယားလိဂ်မှာ ပွဲအနည်းဆုံးနဲ့ ဂိုး ၁၀၀ ပြည့်မြောက်ခဲ့တဲ့ ကစားသမားကတော့ ဘလက်ဘန်း ၊ နယူးကာဆယ်တို့မှာ ကစားခဲ့တဲ့ အင်္ဂလန်တိုက်စစ်မှူး အလန်ရှီးယားပဲ ဖြစ်ပါတယ်။ အလန်ရှီးယားဟာ ၁၂၄ ပွဲသာ ကစားခဲ့ပြီး သွင်းဂိုး ၁၀၀ ရယူထားနိုင်ခဲ့ပါတယ်။ ယနေ့အချိန်အထိတော့ အလန်ရှီးယားရဲ့ သွင်းဂိုး ၁၀၀ ပြည့်စံချိန်ကို ဘယ်သူမှ ချိုးနိုင်ခြင်း မရှိသေးပါဘူး။

စပါးအသင်းဟာ လီဗာပူးလ်နဲ့ ပွဲစဉ်မှာ ပင်နယ်တီကန်သွင်းခွင့် ၂ ကြိမ် ရရှိခဲ့ပါတယ်။ ဟာရီကိန်းအနေနဲ့ ပင်နယ်တီ ပထမဂိုးကို ကန်သွင်းသော် လည်း ဂိုးမ၀င်ခဲ့ပါဘူး။ မိနစ် ၉၀ ပြည့်မှာ ထပ်မံရရှိတဲ့ ပင်နယ်တီကို ကန်သွင်းမှသာ ဂိုးရရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါသွင်းဂိုးဟာ ဟာရီကိန်းအတွက် သွင်းဂိုး ၁၀၀ ဖြစ်ခဲ့သလို စပါးအတွက်လည်း သရေ တစ်မှတ်ကို ရရှိစေခဲ့ပါတယ်။

NN

Leave a Reply