အာဆင်နယ်မှာ အထောင်တိုက်စစ်မှူးနေရာအတွက် မသေချာတော့ တာကြောင့် ချယ်လ်ဆီးကို ပြောင်းလာခဲ့တဲ့ ဂီရော့စ်

0
167

ဖေဖော်ဝါရီ ၅ ၊ ၂၀၁၈
ချယ်လ်ဆီးတိုက်စစ်မှူး ဂီရော့စ်ဟာ အာဆင်နယ်အသင်းကနေ ဘာကြောင့်ထွက်ခဲ့ရတယ်ဆိုတာကို ပြောပြလာပါတယ်။
အာဆင်နယ်အသင်းဟာ ဒေါ့မန်တိုက်စစ်မှူး အူဘာမီယန်ကို ၀ယ်ယူခဲ့ပြီးတဲ့နောက်မှာ ဂီရော့စ်ဟာ အာဆင်နယ်က ထွက်ဖို့ ဆုံးဖြတ်ချက်ကို ပိုပြီး ခိုင်မာစေခဲ့ပါတယ်။သူဟာ ဒေါ့မန်အသင်းရဲ့ အငှားခေါ်ယူမှုကို ပယ်ချခဲ့ပြီး မြို့ခံပြိုင်ဘက် ချယ်လ်ဆီးထံကို ပြောင်းရွှေ့လာခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ လာကဇက်တီ ၊ အူဘာမီယန်စတဲ့ ကစားသမားတွေကို ခေါ်ယူထားတဲ့အတွက် ဂီရော့စ်ဟာ ထောင်တိုက်စစ်နေရာအတွက် အရန်ကစားသမားအဖြစ်သာ ပွဲထွက်ရဖို့ များနေပါပြီ။ ဒါ့အပြင် ၂၀၁၈ ရုရှားကမ္ဘာ့ဖလားမှာ ဂီရော့စ်အနေနဲ့ ပြင်သစ်အသင်းနဲ့အတူ ပါဝင်နိုင်ဖို့အတွက် ပုံမှန်ပွဲထွက်ခွင့်ရမယ့် ကိစ္စဟာ အရေးကြီးနေပါတယ်။ ဒါကြောင့် နောက်ဆုံးမှာ ချယ်လ်ဆီးကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

သူဟာ အာဆင်နယ်ကစားသမားဘ၀မှာ အရန်ခုံမှ လူစားဝင် ကစားသမားအဖြစ်ပွဲထွက်ခဲ့ရပြီး အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးတွေကို သွင်းယူပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ အာဆင်နယ်ပရိသတ်တွေအတွက် အရေးပေါ် ရမှတ်တွေကို ဖြည့်ဆည်းပေးခဲ့သူလည်း ဖြစ်ပါတယ်။ဒါပေမယ့်လည်း အာစင်ဝင်းဂါးရဲ့ ဒုတိယလူအဖြစ်သာ ကျင်လည်ခဲ့ရတဲ့ သူ့ဘ၀ကို အသစ်ကနေ ပြန်စဖို့အတွက် သူဟာ ချယ်လ်ဆီးအသင်းကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

NN

Leave a Reply