အဝေးကွင်းမှာ အသင်းငယ်ဝက်စ်ဖို့ဒ်ကို မရှုမလှ အရေးနိမ့်ခဲ့တဲ့ ချယ်လ်ဆီး

0
174

ဖေဖော်ဝါရီ ၆၊ ၂၀၁၈

ယနေ့နံနက်ပိုင်းမှာ ကစားခဲ့တဲ့ ဝက်စ်ဖို့ဒ် နဲ့ ချယ်လ်ဆီး တို့ရဲ့ပွဲစဉ်မှာ အိမ်ရှင် ဝက်စ်ဖို့ဒ် အသင်းက ချယ်လ်ဆီးအသင်းကို ၄ – ၁ နဲ့ အနိုင်ရရှိသွားပါတယ်။

ချယ်လ်ဆီး အသင်းဟာ ဟာဇက်ကို အထောင်ထားပြီး ပီထရို ၊ ဝီလီယံ ၊ ဇာပါကော်စတာ ၊ ဘာကာယိုကို ၊ ကန်တီ ၊ မောဇက် တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။

ပထမပိုင်း ပွဲကစားချိန် မိနစ် ၃၀မှာတော့ ချယ်လ်ဆီးကွင်းလယ်လူ ဘာကာယိုကို နှစ်ဝါတစ်နီနဲ့ အထုတ်ခံလိုက်ရပါတယ်။ ချယ်လ်ဆီးဟာ ၁၀ယောက် ၁၁ယောက်နဲ့ ပွဲကို ဆက်ကစားခဲ့ပြီး ပထမပိုင်း ၄၂ မိနစ်မှာတော့ ဝက်စ်ဖို့ဒ်တို့ ပင်နယ်တီ ပစ်ဒဏ်ဘော ကန်ခွင့်ရခဲ့ပါတယ်။ အဆိုပါပင်နယ်တီကို ဒီနေးကအမှားအယွင်းမရှိကန်သွင်းပြီး ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။ ပထမပိုင်း ၄၅မိနစ် အပြီးမှာ ၁ – ၀ နဲ့ ဝက်စ်ဖို့ဒ် ကဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာတော့ နှစ်သင်းစလုံးဟာ အပြန်အလှန်ထိုးဖောက်မှုတွေနဲ့ ပွဲကိုကစားခဲ့ပေမယ့်လည်း ဂိုးတွေတော့ မသွင်းနိုင်ခဲ့ပါဘူး။ ၈၂ မိနစ်မှာတော့ ဟာဇက်က ချယ်လ်ဆီး အတွက်ချေပဂိုးကို ပြန်လည်သွင်းယူခဲ့လို့ ၁ – ၁ ဖြစ်လာခဲ့ပါတယ်။ ဝက်စ်ဖို့ဒ် အသင်းဟာ ချေပဂိုးပေးလိုက်ရတဲ့နောက်မှာ တိုက်စစ်ကို ဖိဖိစီးစီး ကစားခဲ့ပြီး ၈၄မိနစ်မှာ ဂျန်မတ်က အနိုင်ဂိုးပြန်လည်သွင်းယူခဲ့ပါတယ်။ သည့်နောက်မှာတော့ ၈၈မိနစ်မှာ ဘာစီလိုနာကနေ ပြောင်းလာတဲ့ ဒီလိုဖူက အိမ်ရှင်အတွက် တတိယဂိုးကို သွင်းယူပေးခဲ့သလို မိနစ် ၉၀မှာတော့ ပီရီယာက ဝက်စ်ဖို့်ဒ်အတွက် စတုတ္တမြောက်ဂိုးကို ဆက်လက်သွင်းယူခဲ့ပါတယ်။

ချယ်လ်ဆီးဟာ ယခုပွဲစဉ်မှာ အာဆင်နယ်ကနေ အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူး ဂီရော့စ်ကို ထည့်သွင်း ကစားခဲ့ပါတယ်။ ၆၄မိနစ်မှာ ပီထရိုနဲ့လူစားလဲခဲ့တာဖြစ်ပါတယ်။ ဒါပေမယ်လည်း ချယ်လ်ဆီးတို့ဟာ အဝေးကွင်းမှာ ဝက်စ်ဖို့ဒ်ဆီက အမှတ်ရအောင်မယူနိုင်ခဲ့ပါဘူး။ ပွဲအပြီးမှာတော့ အိမ်ရှင်ဝက်စ်ဖို့ဒ်က ၄- ၁ နဲ့ ချယ်လ်ဆီး ကိုအနိုင်ရရှိခဲ့ပါတယ်။ ချယ်လ်ဆီးနည်းပြ ကွန်တီအနေနဲ့လည်း အသင်းရဲ့ရလဒ်ပိုင်းဆိုးရွားမှုတွေကြောင့် ဝေဖန်မှုတွေကို ခံနေရပြီး အထုတ်ခံရမယ်လို့ သတင်းတွေဆက်လက်ထွက်ပေါ်နေခဲ့ပါတယ်။

NN

Leave a Reply