ဒီပို့တီဗိုနည်းပြအဖြစ် နယ်သာလန်ကစားသမားဟောင်း ဆီးဒေါ့ကို ခန့်အပ်

0
185

ဖေဖော်ဝါရီ ၆ ၊ ၂၀၁၈

စပိန်လာလီဂါရဲ့ တန်းဆင်းဇုန်ထဲမှာ ရုန်းကန်နေရတဲ့ ဒီပို့တီဗို အသင်း ဟာ အသင်းရဲ့ နည်းပြဟောင်း ပါရယ်လိုကို ရာထူးကနေ ဖယ်ရှားခဲ့ပြီး ဆီးဒေါ့ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။

ဒီဗို့တီဗိုအသင်းဟာ ရီးရဲဆိုဆီဒက်အသင်းကို ယခုတစ်ပတ်မှာ ၅ -၀ ဖြင့်အရေးနိမ့်ခဲ့ပြီး နောက်ဆုံး ၇ ပွဲမှာ နိုင်ပွဲ ပျောက်ဆုံးခဲ့တဲ့အတွက် နည်းပြ ခရီစတိုဗယ် ပါရာလိုကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။ ဒီဗို့တီဗိုအသင်းဟာ ဆိုးရွားလှတဲ့ ရလဒ်တွေနဲ့အတူ လာလီဂါ အမှတ်ပေးပြိုင်ပွဲရဲ့ အဆင့် ၁၈ နေရာမှာ ရမှတ် ၁၇ မှတ်နဲ့ ရပ်တည်နေပါတယ်။

ဆီးဒေါ့ဟာ ကစားသမားဘ၀မှာ အေဂျက် ၊ ဆမ်ဒိုးရီးယား ၊ အေစီမီလန် ၊ ရီးရဲမက်ဒရစ် စတဲ့ အသင်းတွေမှာ ကစားခဲ့ဖူးသူ ဖြစ်ပြီး ဥရောပအတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ နည်းပြဘ၀ကို ကာလတိုအဖြစ် အေစီမီလန်နဲ့ တရုတ်ကလပ် ရှန်ဇန်တို့မှာ လုပ်ကိုင်ခဲ့ဖူးပါတယ်။

ဒီပို့တီဗိုနည်းပြအသစ် ဆီးဒေါ့ရဲ့ စွမ်းဆောင်ရည်တွေကိုတော့ လာမယ့် ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ကစားမယ့် ဒီပိုတီဗိုနဲ့ ရီးရဲဘက်တစ်တို့ရဲ့ ပွဲစဉ်မှာ စတင်အကဲခတ်နိုင်မှာ ဖြစ်ပါတယ်။

NN

Leave a Reply