ထောပတ်​ဇုန်​ကို ယခုနှစ်​အတွင်း စတင်​အ​ကောင်​အထည်​​ဖော်​မည်

0
289

ရန်​ကုန်​ ၊​ဖေ​ဖော်​ဝါရီ ၆၊၂၀၁၈

ရှမ်းပြည်​နယ်​​(တောင်​ပိုင်း)တွင်​ အ​ကောင်​အထည်​​ဖော်​မည့်​ ​ထောပတ်​ဇုန်​ကို ယခုနှစ်​အတွင်း စတင်​တည်​​ထောင်​သွားမည်​ဖြစ်​​ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း (MFVP)မှ သိရသည်​။

အဆိုပါ ​ထောပတ်​ဇုန်​မှ ထွက်​ရှိသည့်​ ကုန်​ကြမ်း၊ကုန်​​ချောများကို ပြည်​ပ​ဈေးကွက်​သို့ အဓိကတင်​ပို့သွားမည်​ဖြစ်​ပြီး၊ ယခုနှစ်​အတွင်း စတင်​စိုက်​ပျိုးသွားရန်​ စီစဉ်​ထား​ကြောင်း MFVP၏ ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်​က​ပြောသည်​။

“နိုင်​ငံခြားကို သစ်​သီးဝလံ​တွေ အလုံးအရင်းနဲ့ ပို့နိုင်​ဖို့အတွက်​ ဇုန်​​တွေ တည်​​ထောင်​ဖို့လုပ်​တာပါ။ထောပတ်​ကို ဒီနှစ်​ထဲမှာပဲ စစိုက်​ပါမယ်​။ကျွန်​​တော်​တို့ဘက်​က အကုန်​ပြင်​ဆင်​ပြီးပြီ၊အစိုးရဘက်​က ခွင့်​ပြု ချက်​နဲ့​မြေ​နေရာချ​ပေးဖို့ပဲ ကျန်​​တော့တာပါ။အစိုးရအ​နေနဲ့လည်း မူအားဖြင့်​​ တော့သ​ဘောတူပြီးပါပြီ။”ဟု၎င်းက​ပြောသည်​။

လက်​ရှိတွင်​ ​ထောပတ်​ဖြစ်​ထွန်းနိုင်​​သည့်​ ​မြေ​နေရာများ​ရရှိ​ရေးကို အစိုးရနှင့်​ညှိနှိုင်း​နေပြီး​ထောပတ်​ဇုန်​ တည်​​ထောင်​ပြီး တစ်​​နေရာထဲတွင်​ သီးနှံ တစ်​မျိုးတည်းကို အထူးပြုစိုက်ပျိုး၍ ပါကင်​ထုတ်​သည့်​​နေရာ၊ အ​အေးခန်း၊သို​လှောင်​ရုံများ ​ဆောက်​လုပ်​ပြီးဇုန်မှထွက်ရှိသည့်​ ​ထောပတ်​များကိုနိုင်ငံခြားသို့တိုက်ရိုက်တင်ပို့သည့်​စနစ်ကိုလုပ်​​ဆောင်သွားမည်
ဖြစ်​​ကြောင်းသိရသည်​။

အဆိုပါ ​ထောပတ်​ဇုန်​တွင်​ ဧက ၂၅၀၀၀အထိ စိုက်​ပျိုးနို​င်​ရန်​ ​မျှော်​မှန်းထားကာ ​ဒေသတွင်း ထင်​ရှားသည့်​ အသီးများကိုစာရင်းပြုစု၍ မျိုးများကို​ရွေးချယ်​စိုက်​ပျိုးသွားမည်​ဖြစ်​​ပြီး တရုတ်​​ဈေးကွက်​ကို ရည်​ရွယ်​၍ တည်​​ထောင်​ခြင်းဖြစ်​​သော​ကြောင့်​ တရုတ်​နို​င်​ငံ၏ လိုအပ်​ချက်​ကို အထိုက်​အ​လျောက်​ ဖြည့်​တင်း​ပေးနိုင်​မည်​ဖြစ်​​ကြောင်းဦးစိုးသန်းမင်းဒင်​က​ပြောသည်​။

ထောပတ်​ဇုန်​တည်​​ထောင်​ရာတွင်​ ​တောင်​သူ ၅၀၀​ ကျော်​ဖြင့်​ မျိုး​ကောင်းမျိုးသန့့်​များကို တစ်​​နေရာတည်းတွင်​ နိုင်​ငံတကာ အသိအမှတ်​ပြု လက်​မှတ်​ရ စိုက်​ပျိုးနည်းစနစ်​များနှင့်​နည်းစနစ်​ကျကျ လုပ်​​ဆောင်​သွားမည်​ဖြစ်​ပြီး ဇုန်​တည်​​ထောင်​ခြင်းနှင့်​ပတ်​သက်​သည့်​ အချက်အလက်များကိုယခုလအတွင်းအစိုးရထံတင်​ပြသွားမည်
ဖြစ်​​ကြောင်း မြန်​မာနို​င်​ငံ ​ထောပတ်​သီး စိုက်​ပျိုးထုတ်​လုပ်​​ရောင်းချ သူများအစုအဖွဲ့၏ အတွင်း​ရေးမှူး ဦးလင်းသန့်​​အောင်​က​ပြောသည်​။

“လက်​ရှိအ​နေအထားမှာ အရည်​အ​သွေး အ​ကောင်းကြီး​တွေ မတင်​ပို့နိုင်​​သေးဘူး။ ဇုန်​တည်​​ထောင်​ပြီးရင်​​တော့ ပိုးမွှားနှိမ်​နင်းတာနဲ့ အခြားအရာ​တွေကို တပြိုင်​နက်​ထဲ လုပ်​နိုင်​တဲ့အခါကျ​တော့ အ​လေ အလွင့်​မရှိရင်​ ပြည်​ပကို အရည်​အ​သွေး​ကောင်းတဲ့ ​ထောပတ်​​တွေ​ပို့နိုင်မယ်။မြေ​နေရာကိုအစိုးရအ​နေနဲ့အမြန်ဆုံးကူညီ​ပေးရင်​ ​တော့ ​တောင်​သူ​တွေအတွက်​လဲ အဆင်​​ပြေသလို နိုင်​ငံ့အတွက်​ပါ နိုင်​ငံခြားဝင်​​ငွေ ရှာ​ပေးနိုင်​မယ်​။”ဟု၎င်းက​ပြောသည်​။

လက်​ရှိတွင်​ မြန်​မာနိုင်​ငံမှ ထွက်​ရှိသည့်​ ​ထောပတ်​သီးများကို တရုတ်​၊ထိုင်းနှင့်​ က​မ္ဘောဒီးယား နိုင်​ငံတို့မှ အဓိက ဝယ်​ယူ​နေကြပြီး၊ ထိုင်​ဝမ်​နှင့်​ ဂျပန်​နိုင်​ငံတို့ကလည်း ဝယ်​ယူရန်​ ကမ်းလှမ်းထား​ကြောင်းသိရသည်​။

မြန်​မာတစ်နို​င်​ငံလုံးတွင်​ ​ထောပတ်​စိုက်​ပျိုးသည့်​ဧက​ပေါင်း ၂၅၀၀၀ခန့်​ရှိပြီးရှမ်းပြည်နယ်(​တောင်ပိုင်း)၊ချင်းပြည်နယ်(​တောင်ပိုင်း)၊ပြင်ဦးလွင် ​နှင့်​နာဂ​ဒေသများတွင်​ အများဆုံး စိုက်​ပျိုးလျှက်​ရှိရာ ၁နှစ်​လျှင်​ တန်​ချိန်​ ၁​သောင်းခန့်​သာထွက်​ရှိ​ကြောင်းသိရသည်​။

ဝေ​ဝေဖြိုး

ဓာတ်ပုံ – အင်တာနက်

Leave a Reply