ရန်​ကုန်ယာဉ်​လိုင်​စင်​ကို COEပုံစံဖြင့်​ပြန်​​ထုတ်​​ပေးရန်​ အစိုးရနှင့်​ ညှိနှိုင်း​နေ

0
204

ရန်​ကုန်​၊​ဖေ​ဖော်​ဝါရီ ၆ ၊၂၀၁၈

ရန်​ကုန်​ယာဉ်လိုင်​စင်​အား COE (Certificate of Entitlement)ပုံစံ ​ဖြင့်​ ပြန်​လည်​ထုတ်​​ပေးနိုင်​ရန်​ ရန်​ကုန်​တိုင်း​ဒေသကြီး အစိုးရ အဖွဲ့နှင့်​ ​ဆွေး​နွေး ညှိနှိုင်း​နေ​ကြောင်း မြန်​မာ့​မော်​​တော်​ယာဉ်​ထုတ်လုပ်​​ရေးနှင့်​ဖြန့်​ဖြူး​ရောင်းချ​ရေးလုပ်​ငန်းရှင်​များအသင်းမှသိရသည်​။

အဆိုပါ လိုင်​စင်​ကို လာမည့်​ ဧပြီလ (၁)ရက်​​​နေ့မှစတင်​၍ ပြန်​လည်​ထုတ်​​ပေးနိုင်​ရန်​လုပ်​​ဆောင်​​နေပြီး COE ပုံစံ ​မော်​​တော်​ကားဝယ်​ယူခွင့်​ကိုပြန်​လည်​သတ်​မှတ်​မည်​ဖြစ်​​ကြောင်း မြန်​မာ့​မော်​​တော်​ယာဉ်​ထုတ်လုပ်​​ရေးနှင့်​ဖြန့်​ဖြူး​ရောင်းချ​ရေးလုပ်​ငန်းရှင်​များအသင်း၏ ဥက္ကဌ ​ဒေါက်​တာစိုးထွန်းက​ပြောသည်​။

“အစိုးရအဖွဲ့အ​နေနဲ့ မကြာခင်​မှာ COE ဆိုပြီး​တော့ ရန်​ကုန်​လိုင်​စင်​ ချ​ပေးဖို့ရှိပါတယ်​။ဒါနဲ့ပတ်​သက်​ပြီး ​ဆွေး​နွေးပွဲ​တွေလုပ်​​နေတာရှိတယ်​။ ကားလုပ်ငန်းရှင်​​တွေအ​နေနဲ့အကြံပြုချင်ရင်ကျွန်​တော်တို့ဆီကို ​ပေးလို့ရတယ်​။လက်​ရှိမှာလည်းအကြံပြု အစီရင်​ခံစာ​တွေ​တော့ တင်​ထားတာ ရှိပါတယ်​။ဧပြီလ ၁ရက်​​နေ့မှာ COE ပုံစံနဲ့သွားမယ်​​​ပေါ့​နော်​။ အဆင်​​ပြေမှုရှိမလားဆို​တော့ ဘယ်​ဟာပဲဖြစ်​ဖြစ်​ ရာနှုန်းပြည့်​​တော့ မဟုတ်​ဘူး​ပေါ့​နော်​။သို့​သော်​လည်ပဲ ရန်​ကုန်​လိုင်​စင်​ပြန်​လည်​ခွင့်​ပြုတဲ့ ဟာကို​တော့ ကျွန်​​တော်​တို့အ​နေနဲ့ ကြို ဆိုပါတယ်​။အ​သေးစိတ်​က​တော့ လက်​ရှိမှာ​ဆွေး​နွေး​နေ​တုန်းပါ။ဒီထုတ်​ပြန်​မှုကို ​စောင့်​ကြည့်​ပြီး​တော့မှပဲ ဒီအ​ပေါ်မှာ သုံးသပ်​ချက်​​ပေးရမှာပါ။”ဟု၎င်းက​ပြောသည်​။

ရန်​ကုန်​ယာဉ်လိုင်​စင်​ပြန်​​ပေး​ရေးကို လုပ်​​ဆောင်​​နေရာတွင်​ COE ပုံစံဖြင့်​ ​ဈေးနှုန်းတစ်​ခုသက်​မှတ်​ထုတ်​​ပေးခြင်း သို့မဟုတ်​ ဆိပ်​ကမ်း အ​ရောက်​​မော်​​တော်​ယာဉ်​​ဈေးနှုန်းကို ​လေလံစနစ်​ဖြင့်​ ထုတ်​​ပေးခြင်း စသည့်​နည်းလမ်းများရှိသည့်​အနက်​ မည်​သည့်​နည်းလမ်းဖြင့်​ထုတ်
ပေးနို​င်​ရန်​​တို့ကို ​ဆွေး​နွေး​နေ​ကြောင်းသိရသည်​။

အဆိုပါ COE ပုံစံမှာ တိုင်းအစိုးရထံတွင်​ ရန်​ကုန်​လိုင်​စင်​ဖြင့်​​ မော်​​တော်​ယာဉ်​ ဝယ်​ယူခွင့်​ပါမစ်​ကို ​လေလံဆွဲ၍ ယင်းပါမစ်​ဖြင့်​ ​မော်​​တော်​ယာဉ်​အ​ရောင်းစင်​တာများတွင်​ ပြန်​လည်​ဝယ်​ယူရခြင်းဖြစ်​​ကြောင်းသိရသည်​။

ဝေ​ဝေဖြိုး

Leave a Reply