ရခိုင်ပြည်နယ်တွင် ဂျင်း (ချင်း) စမ်းသပ်​စိုက်ပျိုးမည်

0
210

ရန်​ကုန်​ ၊​ဖေ​ဖော်​ဝါရီ ၆၊ ၂၀၁၈

ပြည်နယ်အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍပူးပေါင်း၍လာမည့် မတ်လတွင် ဂျ င်း(ချင်း)သီးနှံကို ရခိုင်ပြည်နယ်အတွင်း စတင်စမ်းသပ်စိုက်ပျိုး မည်ဖြစ်​​ကြောင်းကုန်​သည်​စက်​မှုအသင်းချုပ်​မှသိရသည်​။

အဆိုပါ ဂျင်းသီးနှံ (ချင်း – Ginger) ကို ရခိုင်ပြည်နယ်ရှိ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် စတင် စမ်းသပ်စိုက်ပျိုးရန် ပြည်နယ်အစိုးရနှင့် ဒေသခံ ပုဂ္ဂလိကလုပ်ငန်း
ရှင်များမှ ပြင်ဆင် ဆောင်ရွက်နေ​ကြောင်းသိရသည်​။

“စမ်းသပ်မှု အောင်မြင်တာနဲ့ ဒေသခံတောင်သူတွေကို တိုးချဲ့ စိုက်ပျိုးစေမှာဖြစ်​ပါတယ်​။ ၀ယ်သူများနဲ့ တောင်သူများ အကြား အာမခံစာချုပ်များချုပ်ဆိုနိုင်ရေးကိုလည်း ကြားခံဆောင်ရွက် ပေးသွား မှာဖြစ် ပါတယ်​။”ဟုရခိုင်ပြည်နယ် ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (RSCCI)၏ အတွင်းရေးမှူးး ဦးအောင်အောင်က ပြောသည်​။

ချင်းသီးနှံ စမ်းသပ်စိုက်ပျိုးနိုင်ရန်အတွက် ကုန်သည်အသင်းချုပ်နှင့် RSCCI တို့ကဂျင်းမျိုးတက်ပိဿာ၁၀၀၀ ဆီပံ့ပိုးကူညီ မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း (MFVP)မှ စိုက်ပျိုးရေး နည်းပညာများ ပံ့ပိုး​ပေးခြင်းနှင့်​ကျောက်တော်ဒေသ ဖွံ့ဖြိုးရေး အများပိုင်ကုမ္ပဏီနှင့် ရခိုင်ပြည်နယ် သမ၀ါယမအသင်းစုချုပ် လီမိတက် စသည့်​ အများပိုင်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများဖြင့်​ မြို့နယ် (၄) မြို့နယ်တွင်​ ဧကအနည်းငယ်စီ စမ်းသပ် စိုက်ပျိုးမည်ဖြစ်​​ကြောင်း သိရသည်​။

ဂျင်းစိုက်ဧက တစ်ဧကအတွက်​ မျိုးအပါအဝင် ထုတ်လုပ်မှုကုန်ကျစရိတ် စုစုပေါင်း ၁၀ သိန်းမှ ၁၅ သိန်းခန့်အထိ ကုန်ကျမည်​ဖြစ်​ပြီး ပုံမှန် အထွက်နှုန်းအားဖြင့် တစ်ဧကလျှင်​ ဂျင်းစိမ်းပိဿာ ၈၀၀၀ ဝန်းကျင် ထွက်ရှိကာ လက်ရှိပေါက်ဈေးဖြင့် ကျပ်သိန်း ၄၀ မှ ၅၀ အထိ ရရှိနိုင်​ကြောင်းသိရသည်​။

“ရခိုင်ဒေသက ဂျင်းစိုက်ဖို့အတွက် ရေခံမြေခံအနေအထား အရမ်း ကောင်းတယ်။ အထွက်နှုန်းကောင်းမှာ သေချာတယ်။ ဈေးကွက် အနေနဲ့လည်း အမေရိကန်၊ နယ်သာလန်၊ ဂျာမနီတို့ကို တင်ပို့ဖို့ အခွင့်အလမ်း ရှိနေတယ်။ ဒါပေမယ့် လက်ရှိမှာ ဘင်္ဂလာဒေ့ရှ်ရဲ့ ဝယ်လိုအားကို လိုက်မှီအောင်မပို့နိုင်သေးဘူး။”ဟု မြန်မာနိုင်ငံ သစ်သီးဝ လံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချ သူများ အသင်း (MFVP) ၏ အတွင်းရေးမှူး ဦးကျော်သူက​ပြောသည်​။

ဂျင်းသီးနှံကို ပြည်တွင်းစားသုံးမှုအပြင် ဘင်္ဂ လားဒေ့ရှ်နိုင်ငံသို့ နှစ်စဉ် အမေရိကန်ဒေါ်လာ ၃ သန်း ဝန်းကျင်ခန့်​တင်​ပို့​နေရပြီး လက်ရှိတွင်​ယင်း သီးနှံကိုရှမ်းပြည်နယ်တောင်ပိုင်းတွင်သာအဓိကစိုက်ပျိုးလျက်ရှိ​သော
ကြောင့်​ ရခိုင်ပြည်နယ်၌ စိုက်ပျိုးနိုင်မည်​ဆိုပါက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့နိုင်မည့် အခွင့်အလမ်းများ ရှိသည့်အပြင် သယ်ယူ ပို့ဆောင်ရေးကုန်ကျ စရိတ်လည်း ကျဆင်းနိုင်​မည်​ဖြစ်​​ကြောင်းသိရသည်​။

ဝေ​ဝေဖြိုး

ဓာတ်ပုံ – အင်တာနက်

Leave a Reply