အဲဗာတန်နည်းပြဟောင်း ရော်နယ်ကိုးလ်မန်းကို နယ်သာလန်နိုင်ငံအသင်းနည်းပြအဖြစ် ခန့်အပ်

0
167

ဖေဖော်ဝါရီ ၇ ၊ ၂၀၁၈
ပြီးခဲ့တဲနှစ် အောက်တိုဘာလကတည်းက နည်းပြမရှိဖြစ်နေတဲ့ နယ်သာလန်အသင်းဟာ အဲဗာတန်နည်းပြဟောင်း ရော်နယ်ကိုးလ်မန်းကို နည်းပြအဖြစ် တရားဝင် ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။

ရော်နယ်ကိုးလ်မန်းဟာ သူ့ရဲ့ ပထမဆုံး နယ်သာလန်နည်းပြအလုပ်ကို မတ်လ ၂၃ ရက်နေ့မှာ ကစားမယ့် အင်္ဂလန်နဲ့ပွဲစဉ်မှာ စမ်းသပ်ခံရမှာ ဖြစ်ပါတယ်။

အသက် ၅၄နှစ် ရှိပြီဖြစ်တဲ့ ရော်နယ်ကိုးလ်မန်း ဟာ နယ်သာလန်နည်းပြအဖြစ် လေးနှစ်ခွဲတန်စာချုပ်ကို ချုပ်ဆိုခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပွဲကာလအထိ သူဟာ နယ်သာလန်အသင်းကို ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။

“နောက်ဆုံးမှာ နယ်သာလန်အသင်းရဲ့ နည်းပြတာဝန်ကို ထမ်းဆောင်ခွင့်ရလို့ ဝမ်းသာဂုဏ်ယူမိပါတယ်။ နယ်သာလန်အသင်းကို ယူရို ၂၀၂၀ မှာ ပျော်ရွှင်စရာတွေ ရလာအောင် ဖန်တီးသွားပါမယ်”လို့ ရော်နယ်ကိုးလ်မန်းက ပြောပါတယ်။

သူဟာ ရုရှားကမ္ဘာ့ဖလားအတွက် နယ်သာလန်အသင်းကို ခြေစစ်ပွဲအောင်မြင်အောင် မစွမ်းဆောင်ပေးနိုင်ခဲ့သော နည်းပြ ဒစ်အက်ဒ်ဗိုကတ်ရဲ့နေရာကို အစားထိုးခန့်အပ်ခံရသူ ဖြစ်ပါတယ်။

ကိုးလ်မန်းဟာ ကစားသမားဘဝမှာ နယ်သာလန်အသင်းအတွက် ၇၈ပွဲကစားခဲ့ပြီး ၁၉၈၈ခုနှစ်မှာ ဥရောပဖလားရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့သူဖြစ်ပါတယ်။ သူဟာ နည်းပြဘဝမှာ ဆောက်သမ်တန်အသင်းကို ခိုင်မာတောင့်တင်းသော အသင်းဖြစ်အောင် တည်ဆောက်ပေးနိုင်ခဲ့သူ ဖြစ်သလို ကစားသမားကောင်းတွေလည်း မွေးထုတ်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ သို့သော် အဲဗာတန်နည်းပြဘဝမှာတော့ ပေါင်သန်း ၁၄၀သုံးစွဲပြီး ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ အဲဗာတန်အသင်းရဲ့ ထုတ်ပယ်မှုကို ခံခဲ့ရသူ ဖြစ်ပါတယ်။

NN

Leave a Reply