အဲယားကွန်းSafe Guard အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

0
190

မန္တလေး၊ ဖေဖော်ဝါရီ(၆)၊ ၂၀၁၈

မန္တလေးမြို့  ချမ်းအေးသာစံမြို့နယ်၂၇လမ်း ၇၄ လမ်းနှင့် ၇၅လမ်းကြားရှိ တူးတူးမြန်မာထမင်းဆိုင် နောက်ဘက်ရှိအပေါ်ထပ်လူနေအိမ်ခန်းအတွင်း ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေ ၅ နာရီခန့်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့သည်။

အဲယားကွန်း Safe Guard အပူလွန်ကဲရာမှ မီးလောင်ခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် အိပ်ခန်းအတွင်းရှိTV ၊ ကွန်ပျူတာနှင့်အခြားအသုံးအဆောင်ပစ္စည်များမီးလောင်ကျွမ်း ခဲ့ပြီးဆုံးရှုံးမှု တန်ဖိုး(ငါးသိန်းသုံးသောင်း)ကျပ် ရှိကြောင်း သိရသည်။

ထိုသို့မီးလောင်မှုကြောင့် အိမ်ပိုင်ရှင်ဦးစိုးမင်းကို(ပ) ၆၅/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ၂၈၅ဖြင့် ချမ်းအေးသာစံမြို့နယ် အမှတ် (၈) နယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply